1. Home
  2. Special or Others

အင်္ဂလန်တွင် လျှပ်စစ်ကားများ အလွယ်တစ်ကူအားဖြည့်နိုင်ရန်စီစဉ်

Special or Others พ.ย. 14, 2560 view 1,614

လေထုညစ်ညမ်းမှုနဲ့ သဘာဝပတ်ဝန်ကျင် စိမ်းလန်းစိုပြေရေးကို လူသားတို့ အာရုံစိုက်လာကြပြီးနောက်မှာ မော်တော်ကားထုတ်လုပ်သည့် ကုမ္ပဏီများကလည်း Hybrid, Electronic အစရှိသည်တို့ကို လောင်စာဆီများနေရာတွင် အစားထိုးမောင်နှင်နိုင်ရန် ထုတ်လုပ်လာလျှက်ရှိသည်။

ထိုအထဲတွင် လျှပ်စစ်ဖြင့် သုံးစွဲမောင်းနှင်ရသော လျှပ်စစ်ကားလည်း အပါအဝင်ဖြစ်သည်။ အင်္ဂလန်နိုင်ငံတွင် လျှပ်စစ်ကားများ အလွယ်တစ်ကူ အားသွင်းနိုင်ရန် လမ်းဘေးဓါတ်မီးတိုင်ကြီးများကို အသုံးပြုနိုင်ရန် စွမ်းအင်ကုမ္ပဏီဖြစ်သော OVO က မီးတိုင်များ အဆင့်မြှင့်တင်မှုကို ဆောင်ရွက်လျှက်ရှိသည်။


OVO energy သည် ဘာလင်အခြေစိုက် နည်းပညာကုမ္ပဏီ Ubitricity နှင့်ပူးပေါင်းကာ လမ်းမီးတိုင်များတွင် လျှပ်စစ်ကားများ အားသွင်းနိုင်ရန် ubitricity ဆော့ကတ်များကို နမူနာအဖြစ်တပ်ဆင်ပေးနေပြီး Kensington နဲ့ Chelsea မြို့တို့မှာလည်း ယခုနှစ်အစောပိုင်းက တပ်ဆင်ပေးထားပြီးဖြစ်သည်။

လျှပ်စစ်ကားပိုင်ရှင်များ အနေနဲ့ အဓိကကြုံတွေရသည့် ပြဿနာမှာ အားသွင်းရန်နေရာရှားပါခြင်းနဲ့ အားသွင်းရန် အချိန်သီးသန့်စောင့်ယူရခြင်းတို့ဖြစ်သည်။ အဆိုပါပြဿနာ ပြေလည်သွားပြီး လျှပ်စစ်ကားကို သုံးစွဲဖို့ စိတ်ဝင်စားသူများပြားလာစေရန် ယခုပရော့ဂျက်က များစွာအထောက်အကူပြုကြောင်း OVO မှ အကြီးအကဲဖြစ်သူ Tom Pakenham က ပြောကြားခဲ့သည်။

အဆိုပါဝန်ဆောင်မှုကို အသုံးပြုရန် လျှပ်စစ်ကားပိုင်ရှင်များအတွင် ရွေးချယ်စရာနှစ်မျိုးရှိပါတယ်။ လျှပ်စစ်ကားအားသွင်းရန် ubitricity အားသွင်းကြိုးကို စတာလင်ပေါင် ၁၉၉ နှင့် ဝယ်ယူပြီး လစဉ်ကြေး ပေါင် ၇.၉၉ ပေးသွင်းကာ (၁ ကီလိုဝပ်ကို ၁၅ ပဲနိ(၂၆၈ ကျပ်)ကျသင့်မည်)။ သို့မဟုတ် ubitricity အားသွင်းကြိုးကို ပေါင် ၂၉၉ နဲ့ ဝယ်ယူပြီး လာစဉ်ကြေးပေးသွင်းရန်မလိပြဲ (၁ ကီလိုဝပ်ကို ၁၉ ပဲနိ)နဲ့ အားသွင်း ယူနိုင်မှာဖြစ်ပါတယ်။


လျှပ်စစ်ကားပိုင်ရှင်များအနေနဲ့ မိမိအိမ်အနီးက ဓါတ်တိုင်မှာ ကားကို ညလုံးပေါက်အားသွင်းပြီး အိမ်မှာ အေးဆေးနေနိုင်သည့်အတွက် အားသွင်းဆိုင်ရှာရသည့်ဒုက္ခနဲ့ အချိန်ပေးရသည့် ဒုက္ခများ ကင်းဝေးစေမှာဖြစ်သည်။ အဆိုပါ ဓါတ်တိုင်များတွင် ubitricity အားသွင်းကြိုးမဟုတ်သော အခြားအားသွင်းကြိုးများနှင့် အလုပ်လုပ်မည် မဟုတ်ကြောင်း သိရှိရသည်။ လမ်းမီးတိုင် စနစ်ကို မြှင့်တင်ပြီး အဆိုပါအားသွင်းစနစ်ကို နိုင်ငံအနှံ့ဖြန့်ကျက်သွားမှာဖြစ်ကြောင်း သိရှိရသည်။ လတ်တလောမှာတော့ မြန်နှုန်းမြင့် 5G ကွန်ယက်ဖြန့်ကျက်ရန် Samsung က လမ်းမီးတိုင်များကို အထိုင်စတေရှင်အဖြစ် ပြောင်းလဲအသုံးချရန် လုပ်ဆောင်နေကြောင်း သိရှိရသည်။
 



Follow us on