တနင်္လာနေ့က New York City မှာ Glamour မဂ္ဂဇင်းက ကြီးမှူးပြီး နှစ်စဉ်ကျင်းပတဲ့ Glamour Women Of The Year Awards ပွဲမှာ Hadid ညီအမ နှစ်ယောက်လုံး နတ်ဘုရားမလေးတွေလို့တောင် ထင်မှတ်မှားရလောက်အောင် သိပ်လှနေခဲ့ကြပါတယ်။ ဒီဆုပေးပွဲမှာတော့ Gigi က မဂ္ဂဇင်းရဲ့ Women Of The Year ဆုကို ရရှိခဲ့ပါတယ်။ Congratulations ပါ Gigi..
ဒီပွဲရဲ့ ကော်ဇောနီထက်ကိုတော့ ကြောင်လျှောက်လမ်းပေါ်က ဘုရင်မ နှစ်ပါးက ကွဲပြားတဲ့ ဟန်ပန်တွေနဲ့ တက်ရောက်လာခဲ့ပါတယ်။ Gigi က Zuhair Murad ရဲ့ FW/16 couture collection ထဲက ရှဲန်ပိန်ရွှေရောင် ဇာဝတ်စုံကို ၀တ်ဆင်ထားပြီး အငယ်မလေး Bella ကတော့ အဖြူရောင် ဖဲသား pantsuit ရယ် တောက်ပတဲ့ ငွေရောင် bustier အပေါ်ကနေ အဖြူရောင် ကုတ်ထပ်ဝတ်လို့ ပွဲတက်လာခဲ့ကြပါတယ်။ နှစ်ယောက်သား စတိုင်တစ်မျိုးဆီနဲ့ သိပ်လှနေကြတာပါတယ်။
Credit >> POSH Magazine