1. Home
  2. Myanmar News

၈တန်းမှစ၍ အင်္ဂလိပ်စာ 4 Skills သင်ကြားပေးရန် လွှတ်တော်တွင်ဆွေးနွေးမည်

Myanmar News พ.ย. 15, 2560 view 1,577

မြန်မာနိုင်ငံပညာရေးစနစ်တွင် အဋ္ဌမတန်းမှ စတင်ကာ အင်္ဂလိပ်စာဘာသာရပ်ကို (Reading, Writing, Speaking, Listening) 4 Skills သင်ကြားပေးရန် နိုဝင်ဘာလ ၁၄ ရက်နေ့က အမျိုးသားလွှတ်တော်တွင် ရခိုင်ပြည်နယ်မဲဆန္ဒနယ် အမှတ်(၁၁)က ဒေါ်ထုမေက တင်သွင်းခဲ့ရာ ကန့်ကွက်သူမရှိပဲ အဆိုကို လက်ခံဆွေးနွေးရန် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ကြေညာခဲ့ကြောင်း သိရှိရသည်။

အသိပညာ၊ အတတ်ပညာနှင့် ကျွမ်းကျင်မှုများ အလေးပေးလာတဲ့ ခေတ်မှာ မြန်မာလူငယ်များ ကျွမ်းကျင်တတ်မြောက်တဲ့ လူငယ်တွေဖြစ်လာစေဖို့၊ နိုင်ငံတော်အစိုးရက သတ်မှတ်ထားတဲ့ (၂၀၃၀)ပြည့်နှစ်မှာ မြန်မာနိုင်ငံအနေနဲ့ ဝင်ငွေအလယ်အလတ်ရှိတဲ့နိုင်ငံဖြစ်လာစေရန်၊ မြန်မာနိုင်ငံကိုအာဆီယံဒေသအတွင်း ဒစ်ဂျစ်တယ် စီးပွားရေးဗဟိုချက်မအဖြစ် ဖေါ်ဆောင်ရာမှာ လူ့စွမ်းအားအရင်းအမြစ်မွေးထုတ်ပေးနိုင်ဖို့ စသည့်ရည်ရွယ်ချက်များနဲ့ အဆိုကို တင်သွင်းရခြင်းဖြစ်ကြောင်း ဒေါ်ထုမေက ပြောကြားခဲ့ပါတယ်။

အခြေခံကောင်းများရှိပြီးသား မြန်မာ့ပညာရေးကို ပြုပြင်တည်ဆောက်ရန် သင်ကြားညွှန်းတမ်းစံသတ်မှတ်ခြင်းရဲ့ ပုဒ်မ (၃၉)၊ပုဒ်မခွဲ(င)တွင် သင်ရိုးညွှန်းတမ်းတွေဟာ ခေတ်ကာလအခြေအနေကို ဖြည့်ဆည်းပေးနိုင်ပြီး နိုင်ငံတကာပညာရေးသင်ရိုးညွှန်းတမ်းတွေနဲ့ လိုက်လျောညီထွေရှိရေးလို့ ပြဋ္ဌာန်းထားပြီး မြန်မာနိုင်ငံတွင် အင်္ဂလိပ်ဘာသာသင်ကြားရန်အတွက် ၂၀၁၄ ခုနှစ် စက်တင်ဘာ ၃၀ ၇က်မှာ ပြဋ္ဌာန်းထားတဲ့ အမျိုးသားပညာရေးဥပဒေ အခန်း(၅)ပုဒ်မ
(၁၉)တွင် အင်္ဂလိပ်စာကို မူလတန်းကစပြီးသင်ကြားရမယ်လို့ ထည့်သွင်းပြဋ္ဌာန်းထားကြောင်း လွှတ်တော်သတင်းတွင် ဖော်ပြပါရှိသည်။



Follow us on