1. Home
  2. Good Morning Myanmar

၂၀၁၈ မှာ ကလေးကင်းထောက်များ လေ့ကျင့်မွေးထုတ်ပေးမည်

Good Morning Myanmar พ.ย. 15, 2560 view 1,547
လာမယ့်နှစ်အတွင်း မူလတန်းအဆင့်မှာပါ ကင်းထောက်ပညာရပ်တွေ လေ့ကျင့်သင်ကြား ပေးသွားမယ်လို့ မြန်မာနိုင်ငံအမျိုးသားကင်းထောက်ချုပ် ဒေါက်တာတင်ညိုက ပြောပါတယ်။ နိုဝင်ဘာ(၁၂)ရက်နေ့က ရန်ကုန်မြို့ အမျိုးသားအားကစားပြိုင်ပွဲရုံ(၁)သုဝဏ်္ဏမှာ ပြုလုပ်တဲ့ ကင်းထောက်ရာပြည့်အခမ်းအနား အထိမ်းအမှတ် ဂီတပွဲတော်မှာပြောကြားခဲ့တာပါ။ကမ္ဘာ့ကင်းထောက်အဖွဲ့ရဲ့ ၁၆၄ ခုမြောက်အဖွဲ့ဝင်ဖြစ်လာတဲ့ မြန်မာကင်းထောက် အဖွဲ့အနေနဲ့ လက်ရှိမှာ တက်္ကသိုလ်အဆင့်နဲ့ အခြေခံပညာကျောင်းအလိုက် ကင်းထောက်တွေကို လေ့ကျင့်မွေးထုတ် ပေးပြီးဖြစ်ပါတယ်။
 
လာမယ့်နှစ်မှာတော့ နောက်ထပ်အသက်ရှစ်နှစ်ကနေစပြီး မူလတန်းအဆင့်အတွက် ၀ံပုလွေနဲ့ငှက်ပြာဆိုပြီး ကလေးကင်းထောက်တွေကို မွေးထုတ်ပေး တော့မှာပါ။ဒီလိုကလေးကင်းထောက်တွေ လေ့ကျင့်သင်ကြားပေးနိုင်ဖို့ လာမယ့်နိုဝင်ဘာ ၂၈ရက်ကနေ ဒီဇင်ဘာ ၄ရက်နေ့အထိ အာရှပစိဖိတ်က ကင်းထောက်ကြီးတွေအနေနဲ့ မြန်မာနိုင်ငံ ကိုလာပြီး ခေါင်းဆောင်မှုသင်တန်းလာပေးဖို့ ရှိတယ်လို့သိရပါတယ်။လက်ရှိကမ္ဘာပေါ်မှာတော့ ကင်းထောက်ပေါင်း သန်း(၄၀)၀န်းကျင်ရှိနေပြီဖြစ်ပါ တယ်။မြန်မာနိုင်ငံမှာ ကင်းထောက်အဖွဲ့စခဲ့တာ ၁၉၁၆ခုနှစ်ကဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၁၆ ဒီဇင်ဘာမှာ နှစ်(၁၀၀)ပြည့်ခဲ့ပြီ ဖြစ်ပေမယ့်ကြားမှာ ၄၈နှစ်လောက် အဆက်အသွယ်ပြတ်ခဲ့ပြီး၂၀၁၂ခုနှစ်ကမှ ပြန်လည် ဖွဲ့စည်းထားတာဖြစ်ပါတယ်။
 
လက်ရှိ မြန်မာနိုင်ငံမှာတော့ အမျိုးသားကင်းထောက် နှစ်သောင်းလေးထောင်ကျော်နဲ့အမျိုးသမီးကင်းထောက် သုံးသောင်းနီးပါး ရှိနေပြီဖြစ်ပါတယ်။ ဒါပေမယ့် လက်ရှိမှာတော့ လှုပ်ရှားမှုအားနည်းနေသေးတဲ့အတွက် ကင်းထောက်လုပ်ငန်းစဉ် ပီပီပြင်ပြင်ဖြစ်ဖို့ လိုအပ်နေသေးတယ်လို့ အမျိုးသားကင်းထောက်ချုပ်ကသုံးသပ်ပါတယ်။အခုပြုလုပ်တဲ့ ကင်းထောက်ဂီတပွဲတော်မှာတော့ ကင်းထောက်အကြောင်း ပိုမိုသိရှိနားလည်နိုင်ဖို့ တေးသရုပ်ဖေါ်တွေထည့်သွင်းတက်ဆက်ခဲ့သလို ဒီပွဲကရရှိတဲ့ အလှူငွေတွေကို လည်း ကင်းထောက်တွေလေ့ကျင့်သင်ကြားပေးရာမှာ အသုံးပြုသွားမယ်လို့သိရပါတယ်။
https://www.facebook.com/GoodMorningMyanmarLive/videos/2141844822508303/


Follow us on