1. Home
  2. Good Morning Myanmar

ဘယ်လ်ဂျီယံနိုင်ငံတွင် အထိကရုဏ်းဖြစ်ပွားမှုကြောင့် ရဲ(၂၀)ကျော်ဒဏ်ရာရခဲ့

Good Morning Myanmar พ.ย. 15, 2560 view 1,500
(၂၀၁၈)ခုနှစ်၊ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲအတွက် မော်ရိုကိုအသင်းခြေစစ်ပွဲအောင်မြင်ခဲ့လို့ ဘယ်လ်ဂျီယံနိုင်ငံထဲက မော်ရိုကိုအသင်းပရိသတ်တွေက အောင်ပွဲခံခဲ့ရာကနေ အထိကရုဏ်း ဖြစ်ပွားခဲ့တာကြောင့် ရဲအရာရှိအယောက်(၂၀)ကျော်ဒဏ်ရာခဲ့ပါတယ်။မော်ရိုကိုနိုင်ငံအသင်းဟာ နိုဝင်ဘာလ(၁၁)ရက်က အိုင်ဗရီကို့စ်အသင်းနဲ့ကစားခဲ့ရာမှာအနိုင်ရခဲ့တာဖြစ်ပြီး အုပ်စုပထမနေရာနဲ့ ကမ္ဘာ့ဖလားဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိခဲ့တာဖြစ်ပါတယ်။
ဘယ်လ်ဂျီယံနိုင်ငံမှာနေထိုင်တဲ့ မော်ရိုကိုသားတွေက အလွန်အကျွံအောင်ပွဲခံခဲ့ တာကြောင့် မြို့တော်ဘရပ်ဆဲလ်မှာ ကားတစ်စီးမီးလောင်ပျက်စီးခဲ့တာ၊မှန်တွေကွဲတာနဲ့ဈေးဆိုင်တွေ လုယက်ခံခဲ့ရတယ်လို့ အခင်းဖြစ်ပွားရာမှာရှိတဲ့ ရဲအရာရှိတွေက ပြောပါတယ်။ရဲတွေဟာ သူတို့ကို ခဲတွေနဲ့ပေါက်နေကြတဲ့ လူအယောက်(၃၀၀)ကျော်လောက်ရှိတဲ့လူအုပ်ကို လူစုခွဲဖို့ မီးသတ်ပိုက်တွေကို သုံးခဲ့ကြပါတယ်။
နိုဝင်ဘာလ ၁၁ ရက် ဒေသစံတော်ချိန်ည(၉)နာရီ ကျော်လောက်မှာ အခြေအနေပြန်လည်တည်ငြိမ်ခဲ့တယ်လို့ AFP သတင်းဌာနက သတင်းဖော်ပြပါတယ်။ဘယ်လ်ဂျီယံပြည်ထဲရေးဝန်ကြီး ဂျန်ဂျမ်ဘွန်က လက်မခံနိုင်လောက်တဲ့ တိုက်ခိုက်မှုတွေ မြို့လည်ခေါင်မှာဖြစ်ပွားခဲ့တယ်ဆိုပြီး ရှုတ်ချပြောဆိုထားပါတယ်။ဘယ်လ်ဂျီယံ နိုင်ငံရဲ့အိမ်နီးချင်းနယ်သာလန်နိုင်ငံမှာလည်း မော်ရိုကိုအသင်းပရိသတ်တွေက အလွန်အကျွံအောင်ပွဲ ခံခဲ့ပြီး ရဲတွေကို ခဲနဲ့ပေါက်တာမျိုးတွေရှိခဲ့တယ်လို့ နယ်သာလန်ရဲအရာရှိတွေက ပြောခဲ့ပါတယ်။
https://www.facebook.com/GoodMorningMyanmarLive/videos/2141858859173566/


Follow us on