1. Home
  2. Movie Stars - Celebrity

Bieber ရဲ့ ရည်းစားဟောင်း Yovanna Ventura နဲ့ ချိန်းတွေ့ခဲ့တဲ့ The Weekend

Movie Stars - Celebrity พ.ย. 15, 2560 view 1,626

Selena နဲ့ လမ်းခွဲခဲ့တဲ့ The Weekend ဟာ Justin Bieber ရဲ့ ရည်းစားဟောင်းဖြစ်သူနဲ့ ချိန်းတွေ့ခဲ့တယ်လို့ သိရပါတယ်။ ဒီသတင်းက ပရိသတ်အများစုကို အံ့အားသင့်စေခဲ့ ပါတယ် ။

ပြီးခဲ့တဲ့ သောကြာနေ့ညက Los Angeles မှာ ကျင်းပတဲ့ မွေးနေ့ပွဲတစ်ခုကို The Weekend နဲ့ Ventura တို့ အတူတူရောက်လာကြတာတွေ့ခဲ့ရပါတယ်။

သူတို့နှစ်ယောက်ဟာပွဲကိုလည်း အတူတူတက်လာခဲ့တဲ့အပြင် လက်ချင်းလည်းတွဲထားကြတယ်

ဒါတင်မကသေးပါဘူး Los Angeles မှာရှိတဲ့ Nightclub တစ်ခုကနေလည်း The Weekend နဲ့ Yovanna Ventura တို့က နောက်ခုံမှာထိုင်ပြီး Ventura ရဲ့ သူငယ်ချင်းနဲ့ တခြားတစ်ယောက်က ကားရှေ့ခန်းမှာ ထိုင်နေတဲ့ပုံတစ်ခုကို ရိုက်ကူးခဲ့ပါတယ်။

စနေနေ့ညကလည်း မော်ဒယ် Emily Rataikowski နဲ့ အတူ Leonardo ရဲ့ မွေးနေ့ပွဲကို တက်ရောက်ခဲ့ပါသေးတယ်။

လက်ရှိအချိန်မှာတော့ The Weekend က ဘယ်မိန်းကလေးကိုမှ အတည်သဘောမထားသေးဘူးလို့ သတင်းပေးပို့သူတစ်ဦးကပြောပါတယ်။

ပြီးခဲ့တဲ့ သတင်းပတ်တွေတုန်းကလည်း Selena နဲ့ Justin Bieber တို့ မကြာခဏဆိုသလို တွေ့ဆုံနေကြတာနဲ့ပတ်သက်လို့ သတင်းဌာန တော်တော်များများမှာ ဖော်ပြထားခဲ့ကြသလို သူတို့တွေရဲ့ အချစ်ရေးဟာလည်း ပရိသတ်တွေ စိတ်ဝင်စားတဲ့ သတင်းတစ်ပုဒ်ဖြစ်နေခဲ့တာပါ။

The Weekend က တခြားသူတွေနဲ့အတူတူ အချိန်ကုန်ဆုံးတာမျိုး တွဲတွေ့တာမျိုးလည်းရှိပေမယ့် Ventura က Bieber ရဲ့ ရည်းစားဟောင်းဖြစ်နေတဲ့အတွက် လူတွေပိုပြီး စိတ်ဝင်စားတဲ့ သတင်းတစ်ခုဖြစ်သွားခဲ့ပါတယ်။

Credit:mystyle



Follow us on