1. Home
  2. Special or Others

အနာဂါတ်တွင် သောက်ရတော့မည့် ဒစ်ဂျစ်တယ်ဆေးဝါးများ

Special or Others พ.ย. 15, 2560 view 1,504

ဆေးပြားအတွင်း ထောက်လှမ်ရေးးစနစ်ထည့်သွင်းထားသော ဒစ်ဂျစ်တယ်ဆေးတစ်မျိုးကို အမေရိကန် အစားအသာက်နဲ့ ဆေးဝါးကြီးကြပ်ကွပ်ကဲမှု အဖွဲ့အစည်း FDA မှ တနင်္လာနေ့က အသိမှတ် ထုတ်လုပ်ခွင့် ပြုလိုက်ပြီဖြစ်ကြောင်း သိရှိရသည်။

အဆိုပါဆေးတွင် ပါရှိသော ထောက်လှမ်းရေးစနစ်က လူနာ ဆေးသောက်၊ မသောက်ဆိုတာကို ဆရာဝန်က မိုဘိုင်းအပလီကေးရှင်းမှတစ်ဆင့် သိရှိနိုင်ပြီး လူနာ၏ အခြေအနေအချက်လက်များကိုလည်း သိရှိထောက်လှမ်းနိုင်ကြောင်း သိရှိရသည်။


စိတ်ကျန်းမာရေး ဝေဒနာသည်များ အတွက် သောက်သုံးရန် ဖော်စပ်ထားပြီး FDA ခွင့်ပြုချကရ်ရှိထားနှင့်ပြီးဖြစ်သော Abilify ဆေးပြားကို ဂျပန်ဆေးကုမ္ပဏီတစ်ခုဖြစ်သည့် Otsuka Pharmaceutical က အဆင့်မြှင့်တင်ကာ ထောက်လှမ်းနိုင်သော စနစ်ကို နည်းပညာအသုံးပြု၍ ဆေးပြားထဲထည့်သွင်းထားခြင်းဖြစ်သည်။ ဆေး၏အမည်ကိုလည်း Abilify MyCite ဟု အမည်သစ်တစ်ခု ပေးထားသည်။

Abilify MyCite ဆေးတစ်ပြားချင်းစီထဲတွင် မက်ဂနီစီယမ်နှင့် ကော့ပါးတို့အသုံးပြုထားသည့် သဲမှုန့်အရွယ်အစားသာရှိသော ထောက်လှမ်းရေးစနစ်ကို ထည့်သွင်းထားသည့်အတွက် သောက်သုံးသူများနေနဲ့ သာမန်ဆေးသောက်ရသကဲ့သို့သာ ခံစားရမှာဖြစ်ပါတယ်။

အဆိုပါဆေးပြားဟာ မျိုချလိုက်ပြီး အစာအိမ်ထဲရောက်တာနဲ့ ထောက်လှမ်းရေးစနစ်က ဝဘ်ဆာဗာဆီကို အချက်ပြမှာဖြစ်ပြီး ဆရာဝန်က လူနာရဲ့ရောဂါဝေဒနာအခြေနေကို အပလီကေးရှင်းမှတစ်ဆင့် စူးစမ်းထောက်လှမ်းနိုင်မှာဖြစ်ပါတယ်။ ဒီလိုထောက်လှမ်းနိုင်မှာဖြစ်လို့ လူနာရဲ့ ခြေအနေအလိုက် မှန်ကန်တဲ့ ကုသနည်းတွေနဲ့ ကုသပေးနိုင်မှာဖြစ်တယ်လို့ဆိုပါတယ်။

ဒီစနစ်ကြောင့် စိတ်ပိုင်းဆိုင်ရာ အချက်အလက်တွေနဲ့ ပြောင်းလဲတိုးတက်လာတဲ့အခြေနေတွေကို သိရှိရမှာဖြစ်ပါတယ်။ ဒီအချက်လက်တွေကို ဆရာဝန်က မိသားစုဝင်တွေနဲ့ မျှဝေပြီး လူနာကို ဘယ်လိုဆက်ဆံပြုမူကုသရမယ်ဆိုတာကို အတူတစ်ကွ လုပ်ဆောင်နိုင်မှာဖြစ်တယ်လို့ ကုမ္ပဏီက ဖြည့်စွက်ပြောကြားခဲ့ပါတယ်။

ပထမဆုံးအနေနဲ့ စိတ်ပိုင်းဆိုင်ရာကုသမှုအတွက် ဒီစနစ်ကို FDA က အသိမှတ်ပြုလိုက်ပြီဖြစ်လို့ မဝေးတော့တဲ့ အနာဂါတ်မှာ ရောဂါ အတော်များများအတွက် ဒီဂျစ်တယ်ဆေးလုံးတွေ သောက်ရတော့မှာ သေချာသလောက်ရှိနေပါပြီ။



Follow us on