ဘရာဇီးလ်အသင်းရဲ့ လက်ရှိလူစာရင်းဟာ သက်တမ်းအလိုက်ကစားသမားကောင်းတွေများစွာပါဝင် နေပြီး အင်အားတောင့်တင်းသော လူစာရင်းကို ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ ဘရာဇီးလ်အသင်းဟာ လာမယ့် (၂၀၁၈) ခုနှစ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ရေပန်းစားနေတဲ့ အသင်း တွေထဲမှ အသင်းတစ်သင်းဖြစ်သလို လက်ရှိလူစာရင်းအရလည်း ကမ္ဘာ့ဖလားကိုစိန်ခေါ်နိုင်တဲ့ ကစားသမားအင် အားစုရှိနေတဲ့အသင်းဖြစ်ပါတယ်။ ယခုလက်ရှိဘရားဇီးလ်အသင်းရဲ့လူစာရင်းမှာ ဥရောပထိပ်သီးလိဂ်တွေမှာ ကစားနေတဲ့ ကစားသမားအများစုပါဝင်နေခြင်းက ဘရာဇီးလ်အသင်းကိုပိုမိုအားကောင်းလာစေတဲ့အချက် တစ် ချက်ဖြစ်ပါတယ်။
.JPG)
ဘရာဇီးလ်အသင်းဟာ ၀ါရင့်ကစားသမားတွေနဲ့ လူငယ်ခြေတက်ကစားသမားကောင်း တွေ ပေါင်းစပ်ဖွဲ့စည်းထားတဲ့အသင်းဖြစ်ပြီး အသင်းရဲ့တိုက်စစ်ပိုင်းရော ခံစစ်ပိုင်းမှာပါ အကောင်းဆုံးပုံစံမှာရှိနေ တာဖြစ်ပါတယ်။ အသင်းရဲ့တိုက်စစ်ပိုင်းမှာ ကမ္ဘာအဆင့်ကစားသမားတွေ အများအပြားရှိနေပြီး ပီအက်စ်ဂျီအ သင်းရဲ့ တိုက်စစ်မှူးနေမာ၊ မန်စီးတီးအသင်းရဲ့ လူငယ်တိုက်စစ်မှူးဂျီးဆပ်၊ လီဗာပူးလ်အသင်းရဲ့ တိုက်စစ်မှူး ဖာမီနိုနဲ့ ဘိုင်ယန်မြူးနစ်အသင်းရဲ့ တိုက်စစ်ကစားသမား ဒေါက်ကလပ်ကော်စတာတို့ ရှိနေတာဖြစ်ပါတယ်။ အသင်းရဲ့ ကွင်းလယ်မှာလည်း တောင့်တင်းတဲ့ကစားသမား စုဖွဲ့မှုရှိနေခဲ့ပြီး လီဗာပူးလ်အသင်းရဲ့ ကွင်းလယ် တိုက်စစ်ကစားသမား ကော်တင်ဟို၊ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ကွင်းလယ်လူကတ်စမဲရိုး၊ မန်စီးတီးအသင်းရဲ့ ကွင်းလယ်လူ ဖာနန်ဒင်ဟိုနဲ့ ချဲလ်ဆီးအသင်းရဲ့ တောင်ပံကစားသမားဝီလျံတို့ ကစားသမားအင်အားစုက မည် သည့်ပြိုင်ဘက်အသင်းကိုမဆို စိန်ခေါ်နိုင်စွမ်းအပြည့်ရှိနေပါတယ်။
.JPG)
အသင်းရဲ့နောက်တန်းမှာတော့ ပီအက်စ်ဂျီ အသင်းရဲ့နောက်တန်းကစားသမားတွေဖြစ်ကြတဲ့ သီယာဂိုဆေးဗားနဲ့ ဒန်နီအဲလ်ဗက်၊ အင်တာမီလန်အသင်း နောက်ခံလူမီရန်ဒါ၊ ဂျူဗင်တပ်အသင်း နောက်ခံလူအဲလက်ဆန်ဒရို၊ ရီးရဲလ်မက်ဒရစ်အသင်း နောက်တန်းကစား သမားမာဆယ်လိုတို့လို ၀ါရင့်ကစားသမားအများစု ပါဝင်နေခဲ့တာဖြစ်ပြီး လူငယ်ကစားသမားအဖြစ် ပီအက်စ်ဂျီ အသင်းရဲ့နောက်ခံလူမာကွင်ဟိုသာ ရှိနေတာဖြစ်ပါတယ်။ ဘရာဇီးလ်အသင်းဟာ ပြီးခဲ့တဲ့(၂၀၁၄)ခုနှစ် အိမ်ရှင် အဖြစ်ကျင်းပပြုလုပ်ခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာတော့ ဆီမီးဖိုင်နယ်မှာ ဂျာမနီအသင်းကို (၇)ဂိုး၊(၁)ဂိုးနဲ့ဂိုးပြတ်ရှုံး နိမ့်ခဲ့ရပြီး တတိယနေရာလုပွဲမှာလည်း နယ်သာလန်အသင်းကို (၃)ဂိုး၊ဂိုးမရှိဖြင့် ထပ်မံရှုံးနိမ့်ကာ စတုတ္ထနေရာနဲ့ သာကျေနပ်ခဲ့ရတဲ့ မှတ်တမ်းဆိုးတွေရှိခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် လာမယ့်(၂၀၁၈)ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ တော့ မှတ်တမ်းဆိုးတွေကို ပြန်လည်ချေဖျက်ပြီး ဆုဖလားကိုတောင် စိန်ခေါ်နိုင်တဲ့လူစာရင်းရှိနေတာကြောင့် (၆)မြောက်ကမ္ဘာ့ဖလားကို ဆွတ်ခူးနိုင်ဖို့ ရေပန်းစားနေတာဖြစ်ပါတယ်။