(၂၀၁၉)ခုနှစ် UAE နိုင်ငံကအိမ်ရှင်အဖြစ်လက်ခံကျင်းပမယ့် အာရှဖလားပြိုင်ပွဲအတွက် ခြေစစ်ပွဲ တတိယအဆင့် အုပ်စု(က)ပွဲစဉ် (၅)ပွဲစဉ်မှာ မြန်မာအသင်းက အိန္ဒိယအသင်းကို (၂)ဂိုးစီသရေသာကစားနိုင်ခဲ့ ပြီး ခြေစစ်ပွဲအောင်မြင်ဖို့ရုန်းကန်ရတော့မှာဖြစ်ပါတယ်။ မြန်မာအသင်းဟာအိန္ဒိယအသင်းနဲ့ပွဲစဉ်မှာ မဖြစ်မနေအနိုင်ကစားရမှာဖြစ်ပေမယ့် နိုင်ပွဲမရခဲ့ပဲ ခြေစစ်ပွဲ အောင်ဖို့မျှော်လင့်ချက်ကေ၀၀ါးခဲ့ရပါတယ်။ ယခုပွဲစဉ်မှာ မြန်မာအသင်းက အရင်ပွဲစဉ်တွေနဲ့မတူပဲခြေစွမ်း ကောင်းမွန်သလို ပြိုင်ဘက်အသင်းကို ထိထိရောက်ရောက်ဖိအားပေးကစားနိုင်ခဲ့ပါတယ်။
.JPG)
ဒါ့အပြင် ပွဲအစ (၁၄) စက္ကန့်မှာပဲ ရန်နိုင်ဦးက ဂိုးစသွင်းခဲ့သလို (၂)မိနစ်မှာလည်း ကျော်ကိုကို ဂိုးသမားနဲ့တစ်ဦးချင်းတွေ့ဆုံရာမှာ အဆုံးသတ်ခဲ့ပေမယ့် ပြိုင်ဘက်ဂိုးသမားက ကာကွယ်ခဲ့တာကြောင့် နစ်နာခဲ့ရပါတယ်။ မြန်မာအသင်းဟာ ဒီပွဲ စဉ်မှာ ကစားကွက်ပိုင်း၊ ကစားအားကောင်းမွန်ခဲ့ပေမယ့် ခံစစ်ကအားနည်းချက်တွေရှိနေဆဲဖြစ်ပြီး နည်းစနစ်တ ကျဖျက်ထုတ်မှုတွေမပြုလုပ်နိုင်ခဲ့သလို ယခုပွဲစဉ်မှာလည်း ပင်နယ်တီတစ်ကြိမ်ပေးခဲ့ရပါတယ်။ ဒါပေမဲ့ ကျော်ကို ကို က ဦးဆောင်ဂိုးပြန်သွင်းခဲ့ပေမယ့် ဒုတိယပိုင်းမှာ မြန်မာအသင်းက ပွဲကိုထိန်းချုပ်ဖို့ကြိုးစားခဲ့ပြီး အဲဒီအကျိုး ဆက်ကြောင့် ချေပဂိုးပြန်ပေးခဲ့ရကာ အနိုင်ရနိုင်ခြေရှိတဲ့အခြေအနေတွေကို လက်လွတ်ခဲ့ရပါတယ်။
.JPG)
ယခုသရေ ကျမှုဟာ မြန်မာအသင်းအတွက် တော်တော်လေးနစ်နာခဲ့ပြီး အဓိက ပြိုင်ဘက် ကာဂျစ်စတန်အသင်းက မက္ကာအိုအသင်းကို (၄)ဂိုး၊(၃)ဂိုးနဲ့အနိုင်ရတဲ့အတွက် မြန်မာအသင်းဟာ ကာဂျစ်စတန်အသင်းနဲ့ ရမှတ်(၂)မှတ် ကွာဟသွားခဲ့ပါတယ်။ ဒီအခြေအနေကြောင့် လက်ကျန်ပွဲစဉ်တွေဖြစ်တဲ့ မက္ကာအို၊ ကာဂျစ်စတန်အသင်းတို့နဲ့ ပွဲစဉ်တွေမှာ မြန်မာအသင်းက မဖြစ်မနေအနိုင်ကစားမှသာ ခြေစစ်ပွဲအောင်မြင်တော့မှာဖြစ်ပါတယ်။ လက်ရှိ အမှတ်ပေးဇယားရပ်တည်မှုမှာ အိန္ဒိယအသင်းက ရမှတ်(၁၃)မှတ်နဲ့ အုပ်စုပထမနေရာကနေ ခြေစစ်ပွဲအောင် မြင်ခဲ့ပြီး ကာဂျစ်စတန်အသင်းက ရမှတ်(၇)မှတ်နဲ့ ဒုတိယ၊ မြန်မာအသင်းက ရမှတ်(၅)မှတ်နဲ့ တတိယနေရာမှာ ရပ်တည်နေပါတယ်။