1. Home
  2. Good Morning Myanmar

အာရှခရီးစဉ်အောင်မြင်ခဲ့ကြောင်း အမေရိကန်သမ္မတထရမ့်ပြော

Good Morning Myanmar พ.ย. 16, 2560 view 1,469
အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ဟာ နိုဝင်ဘာလ(၁၄)ရက်နေ့လည်ပိုင်းက ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့မှာကျင်းပတဲ့ အရှေ့အာရှနဲ့အရှေ့တောင်အာရှနိုင်ငံများ ထိပ်သီးအစည်း အဝေးရဲ့ မျက်နှာစုံညီအစည်းအဝေးတွေကိုတက်ရောက်ခဲ့ခြင်းမရှိဘဲ အမေရိကန်နိုင်ငံကို ပြန်လည် ထွက်ခွာခဲ့ပေမဲ့ သူ့ရဲ့အာရှခရီးစဉ်ဟာ အောင်မြင်ခဲ့တယ်ဆိုပြီး သတင်းထောက်တွေကို ပြောခဲ့ပါတယ်။မျက်နှာစုံညီအစည်းအဝေးရဲ့ ဆွေးနွေးမှုအစီအစဉ်တွေပြီးဆုံးဖို့အချိန်(၂)နာရီလောက် ကျန်နေသေး ပေမယ့် သမ္မတထရမ့်ဟာ အစည်းအဝေးမတက်ရောက်ဘဲပြန်သွားခဲ့တာပါ။
 
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ရက်က်စ်တီလာဆန်က မျက်နှာစုံညီအစည်းအဝေးကို သမ္မတထရမ့်ကိုယ်စားတက်ရောက်မှာဖြစ်တယ်လို့ အိမ်ဖြူတော်အကြီးတန်းအရာရှိတစ်ဦးက ပြောကြားခဲ့ပါတယ်။သူ့ရဲ့ခရီးစဉ်အတွင်း အမေရိကန်ဒေါ်လာ(၃၀၀)ဘီလီယံကျော်လောက်တန်ဖိုးရှိတဲ့ သဘောတူညီချက်တွေ လုပ်ဆောင်ခဲ့တယ်ဆိုပြီး သမ္မတထရမ့်ကပြောပါတယ်။ဘယ်ကဏ္ဍတွေမှာ သဘောတူညီမှုတွေပြုလုပ်ခဲ့တယ်ဆိုတာကိုတော့ သမ်္မတထရမ့်က တိတိကျကျထုတ်ပြောခဲ့ခြင်း မရှိပါဘူး။အမေရိကန်နိုင်ငံဟာ မျှတတဲ့ကုန်သွယ်မှုကို လုပ်ဆောင်လိုတာဖြစ်တယ်ဆိုပြီး အစောပိုင်းမှာ သမ္မတထရမ့်က ပြောကြားခဲ့ပါတယ်။
 
သမ္မတထရမ့်ဟာ သူ့ရဲ့အာရှခရီးစဉ်အနေနဲ့ နိုဝင်ဘာလ(၃)ရက်မှာ ဂျပန်နိုင်ငံကို စတင်ရောက်ရှိခဲ့တာဖြစ်ပြီး တောင်ကိုရီးယား၊တရုတ်၊ဗီယက်နမ်နဲ့ဖိလစ်ပိုင်နိုင်ငံတွေကို သွားရောက် ခဲ့တာ ဖြစ်ပါတယ်။ဗီယက်နမ်နိုင်ငံမှာ အေပက်ထိပ်သီးအစည်းအဝေးကိုတက်ရောက်ခဲ့ပြီး ဖိလစ်ပိုင် နိုင်ငံမှာတော့ အရှေ့အာရှနဲ့အရှေ့တောင်အာရှနိုင်ငံများထိပ်သီးအစည်းအဝေးတွေကို တက်ရောက်ခဲ့တာ လည်းဖြစ်ပါတယ်။
https://www.facebook.com/GoodMorningMyanmarLive/videos/2143388799020572/


Follow us on