1. Home
  2. Special or Others

အင်ဒိုနီးရှားနိုင်ငံ၊ဆူမာတြားအနောက်မြောက်ပိုင်းက ကျွန်းတစ်ခုရဲ့ ကမ်းခြေမှာ ဝေလငါး ၁၀ကောင် သောင်တင်ပိတ်မိနေခဲ့တာကြောင့် ဒေသခံတွေ စုရုံးကူညီကယ်ဆယ်ပေးခဲ့ရ

Special or Others พ.ย. 16, 2560 view 1,594

အင်ဒိုနီးရှားနိုင်ငံ၊ အာချေပြည်နယ်၊ ဆူမာတြားအနောက်မြောက်ပိုင်းက ကျွန်းတစ်ခုရဲ့ ကမ်းခြေမှာ ဝေလငါး ၁၀ကောင် သောင်တင်ပိတ်မိနေခဲ့တာကြောင့် ဒေသခံတွေ စုရုံးကူညီကယ်ဆယ်ပေးခဲ့ရတယ်လို့သိရပါတယ်။ ကမ်းခြေရဲ့ ရေတိမ်ပိုင်းကနေ ထွက်မသွားနိုင်ခဲ့တာကြောင့် ဒေသခံတွေအပြင်၊ တပ်ဖွဲ့ဝင်တွေ၊ ရဲအရာရှိတွေနဲ့ စေတနာ့ဝန်ထမ်းတွေပူးပေါင်းပြီး ရေနက်ပိုင်းထဲထိ ပို့ဆောင်လွှတ်ပေးဖို့ ဝိုင်းဝန်းကူညီပေးခဲ့ကြရတာဖြစ်ပါတယ်။

နိုဝင်ဘာလ ၁၃ရက်နံနက်အစောပိုင်းအချိန်မှာပိတ်မိနေခဲ့ကြတာဖြစ်ပြီး နေမမြင့်ခင်အချိန်မှာပဲ ဝေလငါး ခုနှစ်ကောင်ကို ရေနက်ပိုင်းကို ပြန်လွှတ်ပေးနိုင်ခဲ့ပြီး ထိခိုက်ဒဏ်ရာရခဲ့တဲ့ ဝေလငါးတွေကို ကုသမှုပေးခဲ့ရပြီး အဆိုပါနေ့ ညသန်းခေါင်ယံမှာ ပြန်လွှတ်ပေးခဲ့ကြတယ်လို့ နယူးယောက်တိုင်းမ် သတင်းမှာဖော်ပြသွားခဲ့ပါတယ်။ ဝေလငါးတွေ ဘယ်လိုကြောင့် ခုလိုလမ်းမှားပြီး ကမ်းခြေမှာ လာတင်နေခဲ့သလဲဆိုတာကို မသိရသေးဘူးလို့ အင်ဒိုနီးရှားတိရစ္ဆာန်အခွင့်အရေးအဖွဲ့က ပြောကြားထားခဲ့ပါတယ်။

Credit ..pyimyanmarnews



Follow us on