1. Home
  2. Special or Others

L.V နဲ့လုပ်ထားတဲ့ ရွှေအိမ်သာအိုးဝယ်ကြမလား..?

Special or Others พ.ย. 16, 2560 view 1,581

အမျိုးသမီးအမျိုးသား အိတ်မျိုးစုံကို ထုတ်လုပ်နေတဲ့ ကမ္ဘာကျော်အမှတ်တံဆိပ် Louis Vuitton က ရွှေသားအစစ်နဲ့ ပြုလုပ်ထားတဲ့ အိမ်သာကြွေအိုးကို ယူအက်စ်မှာ ရောင်းချဖို့ ပြသထားပါတယ်။

အဆိုပါအိမ်သာအိုးကို အင်တာနက်မှ လက်လီဖြန့်ချီတဲ့ Tradesy က လောစ့်အိမ်းဂျလိစ်မှာရှိတဲ့ သူ့ရဲ့ အရောင်းပြခန်းမှာ နိုဝင်ဘာ (၈)ရက်နေ့က ပြသထားပါတယ်။ ဈေးနှုန်းဖော်ပြထားခြင်းမရှိသေးတဲ့ အဆိုပါ အိမ်သာအိုးကို ဒေါ်လာ တစ်သိန်းလောက်နဲ့ ဝယ်လို့ရနိုင်မယ်လို့ ခန့်မှန်းထားကြပါတယ်။



ရွှေအိမ်သာအိုးကို ဒီဇိုင်းပြုလုပ်သူက Illma Gore ဆိုသူ အမျိုးသမီး အနုပညာရှင်တစ်ယောက်ဖြစ်ပြီး သူဟာ “အမေရိကားကိုတဖန်ကြီးကျယ်စေသူ”အမည်ဖြင့် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ရဲ့ ပုံကို ၂၀၁၆ ခုနှစ်က ဖန်တီးခဲ့သူလည်းဖြစ်ပါတယ်။


အသက် ၂၅ နှစ်ရှိပြီဖြစ်တဲ့ Gore ဟာ သြစတြေးလျနိုင်ငံကဖြစ်ပါတယ်။ Facebook ကလည်း သူမကို ပိတ်ပင်ထားပြီး ဒေါ်နယ်ထရမ့်ထောက်ခံသူတွေက သူမကိုကိုယ်ထိလက်ရောက် စောကားတာခံခဲ့ရဘူးကြောင်း ပြောဆိုထားပါတယ်။

 



Follow us on