1. Home
  2. Movie Stars - Celebrity

သရုပ်ဆောင်ရဲတိုက် ယနေ့လွတ်မြောက်ပြီ

Movie Stars - Celebrity พ.ย. 17, 2560 view 1,457

မူးယစ်ဆေးဝါးလက်ဝယ်တွေ့ရှိမှုဖြင့် ပြစ်ဒဏ်ကျခံနေရသော သရုပ်ဆောင်ရဲတိုက် နိုဝင်ဘာလ ၁၇ ရက်(ယနေ့) နံနက်ပိုင်း၌ လွတ်ရက်စေ့ကာ တောင်ငူထောင်မှ ပြန်လည်လွတ်မြောက်လာပြီဖြစ်သည်။


၂၀၁၄ ခုနှစ်တွင် မူးယစ်ဆေးဝါးအနည်းငယ် လက်ဝယ်တွေ့ရှိမှု ဘာသာသာသနာ ညိုးနွမ်းစေမှုတို့ဖြင့် ပြစ်ဒဏ် (၆)နှစ် ကျခံစေခဲ့ရခြင်းဖြစ်သည်။ ပြစ်ဒဏ်များကို အင်းစိန်ထောင်နှင့် တောင်ငူထောင်များတွင် ကျခံခဲ့ရပြီး ယနေ့နံနက်ပိုင်းက ပြန်လည်လွတ်မြောက်ခဲ့သည်။

ပြစ်ဒဏ်ကျခံနေစဉ်အတွင်း လွတ်ငြိမ်းချမ်းသာခွင့်များ ကြုံကြိုက်ခဲ့သော်လည်း လွတ်မြောက်ခဲ့သူများတွင် ရဲတိုက် ပါဝင်ခဲ့ခြင်းမရှိပဲ လွတ်ရက်စေ့မှသာ ပြန်လည်လွတ်မြောက်ခဲ့ခြင်းဖြစ်သည်။

ရဲတိုက်၏ ဗီဒီယိုဇာတ်ကားများကို ထုတ်လုပ်ပေးနေသော ဆာတိုရီ ရုပ်ရှင်ထုတ်လုပ်ရေးက ရဲတိုက်ပြန်လည်လွတ်မြောက်လာသည့် အထိမ်းအမှတ်အဖြစ် မူးယစ်ဆေးပညာပေး ဗီဒီယိုဇာတ်ကားတစ်ကားကို ဖြန့်ချိရန် စီစဉ်ထားခဲ့သော်လည်း ဗီဒီယိုဈေးကွက် ပျက်နေသည့်အတွက် နောက်ပိုင်းမှ ပြန်လည်ထုတ်ဝေဖြန့်ချိသွားမည်ဖြစ်ကြောင်း ဒါရိုက်တာရီဇော်က ပြောကြားခဲ့သည်။


ရဲတိုက်နှင့် ရုပ်ရှင်ဗီဒီယိုဇာတ်ကားများ၊ အနုပညာလှုပ်ရှားမှုများ ပြုလုပ်ရန် အစီစဉ်ရှိထားပြီး ချက်ခြင်းအကောင်အထည် ဖော်ဦးမည်မဟုတ်ပဲ လအနည်းငယ်ခန့် အချိန်ယူရဦးမည်ဖြစ်ကြောင်း 7DayDaily သတင်းစာမှ ကောက်နုတ်ဖော်ပြအပ်ပါသည်။
 



Follow us on