1. Home
  2. Myanmar News

တောင်ငူမြတ်စောညီနောင်ဘုရားကြီး စိန်ဖူးတော်ခိုးယူခံရ

Myanmar News พ.ย. 17, 2560 view 1,804

တောင်ငူမြို့ ၏ အထင်ကရ မြတ်စောညီနောင် ဘုရားကြီး၏ စိန်ဖူးတော် ပျောက်ဆုံးနေကြောင်း လူမှုကွန်ယက် ဖေ့စ်ဘွခ်တွင် ဖော်ပြထားသော သတင်းအရ တောင်ငူမြို့ရှိ ရဲတပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေးခဲ့ရာ သတင်းအမှန်ဖြစ်နေကြောင်း သိရှိခဲ့ရသည်။


ဖြစ်စဉ်မှာ အောက်တိုဘာလ ၃၁ ရက်နေ့တွင် မြတ်စော ညီနောင် ဘုရားဂေါပကအဖွဲ့ဝင် ဒိုးသောင်းကျေးရွာနေသူ မင်းနိုင်ဦး (၃၃)နှစ် အပါအဝင် လူ(၅)ဦးတို့မှ ထီးတော်ပြုပြင်ရန်အတွက် ထီးတော်အား ဖြုတ်ချခဲ့ပြီး တောင်ငူမြို့၊ (၁၃)ရပ်ကွက်၊ ရွှေဆံတော်ဘုရားရင်ပြင်တော်ပေါ်ရှိ ရွှေနှင်းဆီဓမ္မာရုံသို့ ပင့်ဆောင် ထားရှိခဲ့သည်။


ထို့နောက် နိုဝင်ဘာလ ၁၄ ရက်နေ့ မွန်းတည့် ၁၂ နာရီ အချိန်၌ ဂေါပကအတွင်းရေးမှူး ဦးထွန်းထွန်းနှင့် အမှတ်-၆ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးသန်းဝင်း(ယခင် စိန်ဖူးတော်အား မြန်မာမှုပြုခဲ့သူ)တို့မှ ရွှေနှင်းဆီ ဓမ္မာရုံ၌ ပင့်ဆောင်ထားရှိသည့် မြတ်စောညီနောင်ဘုရား ထီးတော်အား သွားရောက်ကြည့်ရှုခဲ့ရာ ထီးတော်ထိပ်တွင် တပ်ဆင်ထားသော နီလာဖြူသလင်းဖူး(၁)ဖူး၊ စိန်အပိုင်း(၄)လုံး၊ စိန်ချူးစွဲ(၄)လုံး၊ စိန်နားကပ်/ စိန်ခြယ်ကွင်း (စိစစ်ဆဲ)၊ ရွှေကြာမောက်ရွှေကြာလန် (၂၅)ကျပ်သား၊ ရွှေခေါင်းလောင်း(၅)လုံး (၁၃ကျပ်သား) တို့ပါ စိန်ဖူးတော်မှာ ပျောက်ဆုံးနေကြောင်း တွေ့ရှိခဲ့သဖြင့် နိုဝင်ဘာလ ၁၅ ရက်နေ့ တွင် စိန်ဖူးတော်ခိုးယူသူ(ဖမ်းမမိ)အား ထုံးဘိုနယ်မြေရဲစခန်းမှ (ပ)၅၇/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၇၉/၂၉၅ (ခိုးမှု/ ဘာသာသာသနာကို စော်ကားမှု)ဖြင့် အမှုဖွင့် စုံစမ်းလျက်ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌါနက သတင်းထုတ်ပြန်ခဲ့သည်။





 



Follow us on