တိုက်စစ်မှူးစီရော်နယ်ဒိုဟာ ရီးရဲလ်မက်ဒရစ်အသင်းမှ စာချုပ်သစ်ချုပ်ဆိုရန် ကမ်းလှမ်းလာမှုကို ငြင်းဆိုခဲ့ပြီး အသင်းမှထွက်ခွာဖွယ်ရှိနေပါတယ်။ ရီးရဲမက်ဒရစ်အသင်း တိုက်စစ်မှူးစီရော်နယ်ဒိုဟာ ယခုနှစ်ဘောလုံးရာသီမှာ ပွဲပယ်ပြစ်ဒဏ်ကျခံခဲ့ရမှုနဲ့ အတူ အသင်းရဲ့နောက်ပိုင်းပွဲစဉ်တွေမှာ ခြေစွမ်းပြကစားနိုင်ဖို့ ရုန်းကန်နေရပါတယ်။
စီရော်နယ်ဒိုအတွက် ယခုနှစ်ဘောလုံးရာသီအစဟာ ခက်ခဲကြမ်းတမ်းခဲ့ပြီး အသင်းနဲ့အတူဝင်ရောက်ကစားခဲ့တဲ့ လာလီဂါပွဲစဉ်(၇)ပွဲ မှာသွင်းဂိုးတစ်ဂိုးသာ သွင်းယူထားနိုင်ခဲ့ပါတယ်။ စီရော်နယ်ဒိုဟာ ယခုနှစ်ဘောလုံးရာသီ မစတင်ခင်မှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ဘာစီလိုနာအသင်းနဲ့ စပိန်စူပါဖလားပထမအကျော့ပွဲစဉ်မှာ အနီကတ်ပြသခံခဲ့ရတာကြောင့် စပိန်စူပါဖလားဒုတိယအကျော့ပွဲစဉ်နဲ့ လာလီဂါပွဲစဉ်(၄)ပွဲ ပွဲပယ်ပြစ်ဒဏ်ကျခံခဲ့ရတာဖြစ်ပါတယ်။
.JPG)
ပွဲပယ်ပြစ်ဒဏ် ကျခံအပြီး ပါဝင်ကစားခဲ့တဲ့ပွဲစဉ်တွေမှာလည်း ပုံမှန်ခြေစွမ်းရရှိဖို့ရုန်းကန်ခဲ့ရပြီး လာလီဂါပွဲစဉ်(၈)အဖြစ် ယှဉ်ပြိုင် ကစားခဲ့တဲ့ ဂီတာဖေးအသင်းနဲ့ အဝေးကွင်းပွဲစဉ်မှာသာ လာလီဂါသွင်းဂိုးတစ်ဂိုး ရယူနိုင်ခဲ့တာဖြစ်ပါတယ်။ ယခုလိုအသင်းမှာ ခြေစွမ်းပြဖို့ ရုန်းကန်နေရတဲ့အချက်တွေ ကြောင့် စီရော်နယ်ဒိုဟာ အသင်းနဲ့စာချုပ်သက်တိုးဖို့ ငြင်းဆိုသွားခဲ့ပြီး အသင်းမှထွက်ခွာဖို့ရှိနေတာဖြစ်ပါတယ်။ စီရော်နယ်ဒိုအနေနဲ့ အသင်းပြောင်းရွှေ့လိုပေမယ့် ချုပ်ဆို ထားခဲ့တဲ့ စာချုပ်ဖျက်သိမ်းကြေးနဲ့ ကစားသမားရဲ့လက်ရှိတန်ကြေး ပေါင်သန်း(၂၀၀)ကျော်ခန့်ရှိနေပြီး အသက်အရွယ်လည်းရလာတာကြောင့် သူ့ကိုခေါ်ယူလိုနေတဲ့အသင်းတွေအနေနဲ့ အခက်တွေ့ဖွယ်ရှိနေတာဖြစ် ပါတယ်။