1. Home
  2. Myanmar News

ကန်တော်ကြီးပဲလေ့စ်ဟိုတယ် မီးလောင်မှု အာမခံလျော်ကြေးငွေ ကျပ်သိန်း ၆၉၂၀ ပေးအပ်

Myanmar News พ.ย. 17, 2560 view 1,417

အောက်တိုဘာလ ၁၀ ရက်နေ့က မီးလောင်မှုဖြစ်ပွားခဲ့သော ကန်တော်ကြီးပဲလေ့စ်ဟိုတယ် ပျက်ဆီးဆုံးရှုံးမှုအတွက် မြန်မာ့အာမခံလုပ်ငန်းမှ လျော်ကြေးငွေပေးအပ်ပွဲအခမ်းအနားကို နိုဝင်ဘာလ ၁၇ ရက် (ယနေ့) မြန်မာ့အာမခံလုပ်ငန်းရုံးချုပ်၌ ပြုလုပ်ခဲ့သည်။

ကန်တော်ကြီးပဲလေ့စ်ဟိုတယ်က အဆောက်အဦများအတွက် မြန်မာအာမခံလုပ်ငန်းတွင် အဆောက်အဦ (၄)လုံးအတွက် ငွေကျပ် ၈၅၅ သန်း၊ အဆောက်အဦ (၆)လုံးအတွက် ငွေကျပ် ၇၂ သန်းဖြင့် ပေါ်လစီခွဲခြားကာ မီးအာမခံထားရှိခဲခြင်းဖြစ်သည်။


အဆိုပါပေါ်လစီများအရ ငွေကျပ် ၈၈၅ သန်းဖြင့်ထားရှိခဲ့သော အဆောက်အဦများထဲမှ မီးလောင်ကျွမ်းပျက်ဆီးခဲ့သော ဟိုတယ်အဆောက်အဦနဲ့ ကလပ်အဆောက်အဦ ၂ လုံးတို့အတွက် လျော်ကြေးငွေကျပ် ၆၉၂ သန်းကိုပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

အာမခံကြေးများကို မြန်မာ့အာမခံလုပ်ငန်းမှ ဦး ဆောင်ညွှန်ကြားရေးမှူး ဒေါက်တာစန္ဒာဦးမှ ပေးအပ်ခဲ့ပြီး မြန်မာစီးပွားရေးဘဏ်နှင့် ထူးဖောင်ဒေရှင်းဂရု(ပ်)မှ တက်ရောက်လာသူများက လက်ခံရယူခဲ့ကြောင်း သတင်းရရှိသည်။



Follow us on