1. Home
  2. Movie Stars - Celebrity

AC/DC အဖွဲ့ခေါင်းဆောင် မာခပ်ယန်း အသက် ၆၄ နှစ်တွင်ကွယ်လွန်

Movie Stars - Celebrity พ.ย. 20, 2560 view 1,488

ကမ္ဘာကျော်ရော့တေးဂီတအဖွဲ့ဖြစ်သော AC/DC အဖွဲ့ကို ပူးပေါင်းတည်ထောင်သူ ပဲ့ကိုင်ရှင်လည်းဖြစ်၊ အဖွဲ့ခေါင်းဆောင်လည်းဖြစ်သူ အသက် ၆၄ နှစ်အရွယ် မာခမ်ယန်း နိုဝင်ဘာလ ၁၉ ရက်နေ့က ကွယ်လွန်ခဲ့သည်။


မာခမ်ရမ်သည် ဂီတာအတီးသမားလည်းဖြစ်သလို တေးသီချင်းရေးစပ်သူလည်းဖြစ်ပြီး ကမ္ဘာကျော်တေးသီချင်းများဖြစ်သည့် Highway to Hell, Hell Bells, Bach in Black အစရှိသော သီချင်းများကို ဖန်တီးရေးသားခဲ့သူလည်းဖြစ်သည်။

၂၀၁၄ ခုနှစ်တွင် မှတ်ဉာဏ်ချို့ယွင်းမှု ဝေဒနာကို စတင်ခံစားခဲ့ရပြီး ဆေးရုံတက်ကာ ဆေးကုသမှုခံယူခဲ့ပြီး ရောဂါဝေဒနာကို ခက်ခက်ခဲခဲရင်ဆိုင်ဖြတ်သန်းခဲ့ရသည်။ “Bach in Black “ အခွေသည် ကမ္ဘာပေါ်တွင် ဒုတိယရောင်းအားအကောင်းဆုံးအခွေဖြစ်ခဲ့ပြီး သီချင်းခွေ သန်း ၂၀၀ ကျော်ရောင်းချခဲ့ရသည်။

AC/DC အဖွဲ့ကို ၁၉၇၃ ခုနှစ်တွင် သြစတြေးလျနိုင်ငံ ဆစ်ဒနေမြို့၌ စတင်တည်ထောင်ခဲ့ခြင်းဖြစ်သည်။ AC/DC မှ တီးခတ်မှုများကို မြန်မာနိုင်ငံမှ ဂီတသမားများ အားကျအတုယူခဲ့ရသော Rock N Roll ဂီတအဖွဲ့တစ်ဖွဲ့လည်းဖြစ်သည်။


 



Follow us on