1. Home
  2. Football

လက်ရွေးစင်အသင်းတွင် ပါဝင်လိုသော်လည်း နိုင်ငံသားခံယူမှုအခက်ခဲရှိနေဟု ကရင်တိုင်းရင်းသား ကလာဟဲ ပြောကြား

Football พ.ย. 20, 2560 view 1,751

မြန်မာနိုင်ငံဖွား ကရင်လူမျိုး ဘောလုံးကစားသမား ကလာဟဲက မြန်မာ့လက်ရွေးစင်အသင်းတွင် ဝင်ရောက်ကစားလိုသော်လည်း အင်္ဂလန်နိုင်ငံသားခံယူထားမှုမှ စွန်လွှတ်ရန် အခက်အခဲရှိနေကြောင်း နိုဝင်ဘာလ ၁၉ ရက်နေ့က ပြည်တွင်းမီဒီယာများကို SKYPE မှ တစ်ဆင့် ဖြေကြားခဲ့ကြောင်း သိရှိရသည်။

အင်္ဂလန်ကလပ်အသင်း ရှက်ဖီးလူငယ်ကစားသမားဟောင်း ကလာဟဲက လက်ရှိတွင် လတ်ဗီးယားကလပ် FK Jelgava အသင်းတွင် ကွင်းလယ်ကစားသမားအဖြစ် ပါဝင်ကစားနေပြီး စာချုပ်သက်တမ်းပြည့်ပါက ရန်ကုန်ယူနိုက်တက်အသင်းတွင် လာရောက်ကစားရန်ရှိနေသည်။

ထိုင်း(သို့)မြန်မာလက်ရွေးစင်အသင်းတွင် ဝင်ရောက်ကစားလိုသော်လည်း အင်္ဂလန်နိုင်ငံသား ခံယူထားမှုကို စွန်လွှတ်ရန်ခက်ခဲကြောင်း၊ ရန်ကုန်ယူနိုက်တက်ကစားသမား ကျော်ကိုကို သဘောကျပြီး ရန်ကုန်ယူနိုက်တက်အသင်းက လက်ရွေးစင်ကစားသမားများနဲ့ တွဲကစားဖြင်းဖြင့် လက်ရွေးစင်အတွေ့ကြုံကောင်းများ ရရှိနိုင်မည်ဟုပြောကြားခဲ့သည်။


ကလာဟဲ ကို ၁၉၉၆ ခုနှစ် အောက်တိုဘာ ၂၁ ရက်နေ့တွင် ထိုင်းမြန်မာနယ်စပ်အနီး ဒုက္ခသည်များစခန်းမှာ မွေးဖွားခဲ့တဲ့ ကရင်လူမျိုးတစ်ဦးဖြစ်ပါတယ်။ ၂၀၀၆ ခုနှစ်မှာ ယူကေအစိုးရရဲ့ ကာကွယ်ရေးအစီစဉ်နဲ့ အင်္ဂလန်နိုင်ငံကို ရောက်ခဲ့ပါတယ်။
၂၀၁၅ ခုနှစ်မှာ ရှဖီးယူနိုက်တက်ကလပ်အသင်းမှာ ကြေစားကစားသမားအဖြစ် စာချုပ်ချုပ်ဆိုကာ ပါဝင်ကစားခဲ့ပါတယ်။

၂၀၁၅ ခုနှစ်ကတည်းက သူဟာ မြန်မာ့လက်ရွေးစင်အသင်းမှာ ပါဝင်ကစားဖို့ အရည်အသွေးပြည့်မီတာကြောင့် အသင်းသားအဖြစ်ပါဝင်ရန် ဆန္ဒရှိခဲ့ပေမယ့် မြန်မာနိုင်ငံကိုယ်စားပြု လက်ရွေးစင်အသင်းမှာ ကစားရန် မြန်မာနိုင်ငံသားဖြစ်ဖို့ လိုအပ်တဲ့အတွက် အင်္ဂလန်နိုင်ငံသားဖြစ်နေတဲ့ သူ့အတွက် အခက်အခဲဖြစ်ခဲ့ပါတယ်။

ရန်ကုန်ယူနိုက်တက်အသင်းကလည်း လာမည့် ၂၀၁၈ ဘောလုံးရာသီတွင် ကလာဟဲ အားခေါ်ယူရန် စိတ်ဝင်စားမှုရှိနေသော်လည်း အစည်းအဝေးပြုလုပ်ပြီးမှသာ ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း ဒီမိုကရေစီတူဒေးသတင်းတွင် ဖော်ပြထားသည်။
 



Follow us on