1. Home
  2. Movie Stars - Celebrity

ပုဂံရှေးဟောင်းဘုရားတွေကို ပြုပြင်ခြင်းကြောင့် ဝေဖန်ခံနေရတဲ့ ဖူးစုံ

Movie Stars - Celebrity พ.ย. 20, 2560 view 1,610

သရုပ်ဆောင်ဖူးစုံတစ်ယောက်ကတော့ ပုဂံရှေးဟောင်းဘုရားအချို့ကို ဆေးသုတ်ခြင်း၊ ပြုပြင်ခြင်းများ လုပ်ခဲ့လို့ အဝေဖန်ခံနေရပါတယ်။အနုပညာအလုပ်တွေနဲ့ ဝေးသွားပြီး စီးပွားရေးလုပ်နေတဲ့ ဖူးစုံတစ်ယောက် ကုသိုလ်ရေးကနေ စိတ်ညှိုးနွမ်းစရာ ဖြစ်သွားခဲ့ရတာပါ။

၁၉ ရက် က ပုဂံ၊ ပြသာဒ်ကြီးဘုရားကို မိသားစုကုသိုလ်အဖြစ် ဆေးသင်္ကန်းကပ်နေကြောင်း၊ ဒီဇင်ဘာ ၁ ရက်နေ့တွင် ရေစက်ချမည့်အကြောင်းကို သူမရဲ့ ဖေ့စ်ဘွက်စာမျက်နှာမှာ တင်လိုက်ပါတယ်။ဒီဓာတ်ပုံများကို ကြည့်ပြီး အများစုက ဝမ်းနည်းတဲ့ ရီအက်ရှင်များ၊ ဒေါသထွက်တဲ့ ရီအက်ရှင်များ ပေးခဲ့ကြပြီး မကောင်းဘူးလို့ ဝေဖန်တဲ့ ကောမန့်များစွာ ရေးသားခဲ့ကြတာ ဖြစ်ပါတယ်။

ဘုရားတစ်ဆူတည်း မဟုတ်ပဲ အခြားဘုရားများလည်း ပါဝင်ပြီး၊ ဆေးသုတ်ခြင်းမဟုတ်ပဲ ပြုပြင်လိုက်သည့် ဘုရားများကိုလည်း သူမဖေ့စ်ဘွက်တွင် တင်ထားသည်ကို တွေ့ရသည်။ယနေ့ (နိုဝင်ဘာလ ၂၀ရက်) မှာတော့ ဓာတ်ပုံအချို့ကို သူမ ဖျက်လိုက်တာကို တွေ့ရသည်။ 

credit : pannpwint



Follow us on