1. Home
  2. Special or Others

လမ်းလယ်စည်းရိုးခွကျော်ကူးသူ သံတိုင်များကြား ဦးခေါင်းညပ်

Special or Others พ.ย. 20, 2560 view 1,528

ကားလမ်းမကို လူကူးရန်သတ်မှတ်ထားတဲ့ နေရာက မကူးပဲ ကားလမ်းမနှစ်ခုကို စည်းခြားထားတဲ့ သံကူကွက်စည်းရိုး ခွကျော်ကူးမိတဲ့ အမျိုးသမီးတစ်ဦးဟာ နောက်ဆုံးမှာ သံတိုင်တွေကြားခေါင်းညပ်ပြီး ဒုက္ခလှလှတွေ့ခဲ့ရပါတယ်။

အဆိုပါအဖြစ်ပျက်ဟာ တရုပ်နိုင်ငံ ရှိကျန်းမြို့မှာ ဖြစ်ခဲ့ပြီး စီစီတီဗီကင်မရာက ဖြစ်စဉ်အစဆုံး မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။ ကားအသွားအလာ ရှုပ်ထွေးတဲ့ လမ်းမကြီးနှစ်ခုကို ဖြတ်ကူးဖို့ အမျိုးသမီးတစ်ဦးဟာ အလယ်က ခြားထားတဲ့ သံတိုင်တွေပေါ်ခွကျော်တက်လိုက်ပါတယ်၊ ဒါပေမယ့် တစ်ဖက်ကို အဆင်းမှာ အားလွန်ကာ စောက်ထိုးလျောကျပြီး သံတိုင်တွေကြားကို ဦးခေါင်းညပ်ကာ ပြန်ထုတ်လို့ မရဖြစ်နေခဲ့ပါတယ်။


ကံကောင်းထောက်မစွာနဲ့ အနီးဝန်းကျင်က တွေ့တဲ့လူတွေက အရေးပေါ်ကို ဖုန်းဆက်လိုက်လို့ ကယ်ဆယ်ရေးအဖွဲ့တွေ ​ရောက်လာပြီး သံတိုင်ကြားက ဦးခေါင်းကို ပြန်ထုတ်ပေးခဲ့ရပါတယ်။
ရန်ကုန်မြို့မှာလည်း ဆူလေးလမ်းမကြီးနဲ့ ဗိုလ်ချုပ်ဈေးရှေ့က ဗိုလ်ချုပ်လမ်းမကြီးရှေ့မှာ ဒီလိုကာရံထားတာမို့ ခွကျော်မယ်ဆိုရင် သတိထားပေါ့နော်..။

 


 



Follow us on