1. Home
  2. Special or Others

၉ လအရွယ်အမွှာနှစ်ဦးကို ပစ်ထားတဲ့ မိဘများ ထောင်နှစ် ၁၃၀ စီကျခံရ

Special or Others พ.ย. 20, 2560 view 1,495

၉ လအရွယ် အမွှာသမီးလေးနှစ်ဦးကို ကြည့်ရှု့စောင့်ရှောက်ရမည့် တာဝန်ပျက်ကွက်ခဲ့မှုဖြင့် စစ်ဆေးခဲ့ရာ အပြစ်ရှိကြောင်း ထင်ရှားသဖြင့် မိဘဖြစ်သူ နှစ်ဦးစလုံးကို ထောင်ဒဏ် နှစ် ၁၃၀ စီကျခံစေရန် တရားရုံးမှ အမိန့်ချမှတ်ခဲ့သည်။


Aislyn Miller (၂၄ နှစ်)၊ Kevin Fowler (၂၅ နှစ်) တို့နှစ်ဦးစလုံးကို သားသမီးကိုစောင့်ရှောက်ရန် ပျက်ကွက်မှုဖြင့် တရားရုံး ၅ ခုတွင် အသီးသီးစစ်ဆးခဲ့ပြီးနောက် အပြစ်ပေးခဲ့ခြင်းဖြစ်သည်။ ၂၀၁၆ ခုနှစ် ဒီဇင်ဘာလတုန်းက ကလေးစောင့်ရှောက်ရေးအဖွဲ့မှ အိမ်သို့ရှောင်တစ်ခင် စစ်ဆေးခဲ့ရာ ပိန်လှီဖျာ့တော့ပြီး အလေးချိန် ၈ ပေါင်သာ ရှိတော့သော ၉ လအရွယ် အမွှာမိန်းကလေးနှစ်ဦးကို စစ်ဆေးတွေ့ရှိခဲ့ခြင်းဖြစ်သည်။ ကလေးနှစ်ဦးကို ဆေးရုံသို့ အမြန်တင်ပို့ပြီး မိဘဖြစ်သူများကို ဖမ်းဆီးတရားစွဲဆိုခဲ့ခြင်းဖြစ်သည်။


စုံစမ်းစစ်ဆေးရေးအဖွဲ့က အိမ်သို့ဝင်ရောက်စစ်ဆေးစဉ် နေပုံထိုင်ပုံ မသတီစရာများ တွေ့ရှိခဲ့ပြီး အတော်ကြီးတုန်လှုပ်သွားခဲ့ကြသည်။ နံရံမှာ ကြောင်ချီးများ ပေကျံနေကာ ကလေးငယ်များထည့်ထားတဲ့ ခြံအသေးလေးထဲမှာလဲ လောက်တက်နေပြီး အမွှာကလေးတစ်ဦးရဲ့ ဒဏ်ရာမှာလည်း လောက်တွယ်နေတာကို တွေ့ခဲ့ရပါတယ်။

အမွှာကလေးနှစ်ဦးစလုံးမှာ ချိနဲ့နေပြီး အိပ်ယာအပူလောင်ဒဏ်ရာများအပြင် ဒိုက်ပါပွန်းရှဒဏ်ရာများပါ ရရှိထားကြပါတယ်။ ကလေးငယ်တစ်ဦးမှာဆိုရင် ရောဂါပိုးဝင်နေပြီး အနာတစ်ဝိုက်မှာ အမွှေးမြှင်များပေါက်နေကြောင်း တွေ့ရှိခဲ့ကြရပါတယ်။ ကလေးကို ထိန်းသိမ်းစောင့်ရှောက်ဖို့ ပျက်ကွက်တဲ့ အမှုတွေထဲမှာ ယခုအမှုက အဆိုးရွားဆုံးဖြစ်ကြောင်း ပြောကြားခဲ့သည်။

အဆိုပါအမှုအတွက် မိဘများအပြင် အဖိုးအဖွားများပါ တရားစွဲခံရပြီး တရားရုံး၌ အကြိမ်ကြိမ်ကြားနာခဲ့ပြီးနောက် အဖိုးအဖွားများမှာ အပြစ်မရှိကြောင်း အမိန့်ချမှတ်ခဲ့သည်။ မီဘနှစ်ဦးစလုံးကိုတော့ ထောင်ဒဏ် နှစ်ပေါင်း ၁၃၀ ကျခံစေရန် ပြစ်ဒဏ်ချမှတ်ခဲ့ကြောင်း သိရှိရသည်။
 



Follow us on