
အခြေခံကျောင်းသား၊ ကျောင်းသူများကို ဆုံးမရာတွင် တုတ်ဖြင့်ဖြစ်စေ၊ အခြားမည်သည့်အရာမျိုးနှင့်မဆို ရိုက်နှက်ဆုံးမခြင်းမပြုရန် ပညာရေးဝန်ကြီးဌါနမှ ညွှန်ကြားထားပြီးဖြစ်ကြောင်း သိရှိရသည်။
ထို့အပြင် ထိုင်ထပြုလုပ်စေသော အပြစ်ပေးနည်းမျိုးကိုလည်း အတန်းကြီးငယ်အလိုက် အကန့်အသတ်ဖြင့်သာ ပြုလုပ်ရန်ညွှန်ကြားထားကြောင်း သိရှိရသည်။ အခြေခံပညာ ကျောင်းသား၊ ကျောင်းသူများကို အကြောင်းတစ်ခုခုကြောင့် ထိုင်ထ အပြစ်ပေးမည်ဆိုပါက −
(က) သတ္တမတန်းမှ ဒဿမတန်းအထိ (ကျား − ၁၅ကြိမ်) (မ − ၁၀ကြိမ်)ထက် မပိုစေရ။
(ခ) စတုတ္ထတန်းမှ အဋ္ဌမတန်းအထိ (ကျား − ၅ကြိမ်) (မ − ၅ကြိမ်)ထက် မပိုစေရ။
(ဂ) တတိယတန်းကို (ကျား − ၃ကြိမ်) (မ − ၃ကြိမ်)ထက် မပိုစေရ။
(ဃ) သူငယ်တန်းမှ ဒုတိယတန်းထိ ကျောင်းသား၊ ကျောသ်းသူများကို နှုတ်ဖြင့်သာ ဆုံးမရမည်ဖြစ်ပြီး ထိုင်ထအပြစ်ပေးခြင်းများ မပြုလုပ်ရန် သတ်မှတ်လိုက်ပြီဖြစ်သည်။
comment