1. Home
  2. Special or Others

ဗစ်တိုးရီးယားစီးခရက်ဖက်ရှင်ရှိုးမှာ ကျွမ်းထိုးမှောက်ခုံဖြစ်ခဲ့ရတဲ့မော်ဒယ်

Special or Others พ.ย. 21, 2560 view 1,529

ကမ္ဘာပေါ်မှာ သြဇာလွှမ်းမိုးမှုအရှိဆုံး ဖက်ရှင်ရှိုးပွဲတွေထဲမှာ Victoria’s Secret ပွဲက ထိပ်ဆုံးက ပါဝင်ပါတယ်။ အဲဒီလိုပွဲမှာ ကမ္ဘာကျော်ပုဂ္ဂိုလ်တွေ၊ အနုပညာရှင်တွေ တက်ရောက်တဲ့ပြွတစ်ပွဲဖြစ်ပြီး အထင်ကရစူပါမော်ဒယ်တွေ တင်ဆက်တဲ့ရှိုးတစ်ခုလည်းဖြစ်ပါတယ်။ ဒီလိုပွဲမျိုးမှာမှ စင်ပေါ်မှာ ကျွမ်းထိုးမှောက်ခုံဖြစ်ခဲ့ရတဲ့ မော်ဒယ်ရဲ့ အနေနဲ့ ဘယ်လောက်တောင် ကသိကအောက်နဲ့ အရှက်ရစေခဲ့လဲဆိုတာ တွေးတောင်မတွေးရဲပါဘူး။

အသက် ၂၈ နှစ်အရွယ် ရှန်ဟိုင်းမြို့သူ မော်ဒယ် Xi Mengyao (Ming Xi) ဟာ Victoria’s Secret ပွဲတွေကို ၂၀၁၃ ခုနှစ်ထဲက ပါဝင်တင်ခဲ့တဲ့မော်ဒယ်ဖြစ်ပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ တနင်္လာနေ့က ရှန်ဟိုင်းမှာ ကျင်ပတဲ့ Victoria’s Secret ရှိုးပွဲမှာ လျှောက်လမ်းပေါ် သရုပ်ပြလမ်းလျှောက်လာရင်း ချော်လဲကျပြီး ကျွမ်းထိုးမှောက်ခုံဖြစ်ခဲ့ရပါတယ်။


သူမဟာ ကိုယ့်ဟာကိုယ်တောင် ပြန်မထနိုင်ပဲ အခြားမော်ဒယ်တစ်ဦးက လာရောက်စွဲထူပေးခဲ့ရပါတယ်။ အဆိုပါဗီဒီယို တရုပ်လူမှုကွန်ယက် ဝီဘိုမှာ ပျံ့နှံ့ခဲ့ပြီးနောက် Xi Mengyao က သူမကြောင့် တရုပ်ပရိသတ်တွေ အရှက်ရစေခဲ့တဲ့အတွက် ပြန်လည်တောင်းပန်ခဲ့ပါတယ်။ ဒါပေမယ့် ပရိသတ်တွေက ချော်လဲကျတဲ့အပေါ် အပြစ်မမြင်ကြောင်းနဲ့ အပြုံမပျက်ပဲ ပြွကို ဆက်က်လက်တင်ဆက်ခဲ့တဲ့အပေါ် ဝိုင်းဝန်းချီးကျူးရေးသားခဲ့ကြပါတယ်။


 



Follow us on