
ရုရှားနိုင်ငံက လူငယ်တစ်ဦးဟာ ကြွက်သားဗလကြီးထွားလာစေရန် အန္တရာယ်ရှိနိုင်တဲ့ အဆီကို အသားထဲထိုးသွင်းခဲ့ပြီးနောက် ကာတွန်းရုပ်ရှင်ဇာတ်ကောင် Hulk, Popeye တို့လို လက်မောင်းသားမျိုး ဖြစ်လာခဲ့ပါတယ်။


အသက် ၂၁ နှစ်အရွယ် Kirill Tereshin ကတော့ သူ့ရဲ့ လက်မောင်းအတွက် ဂုဏ်ယူစွာနဲ့ ဓါတ်ပုံတွေကို အွန်လိုင်းပေါ်တင်ခဲ့ပြီးနောက် ထူးဆန်းတဲ့အတွက် အလျှင်အမြန်ပျံ့နှံ့ခဲ့တာဖြစ်ပါတယ်။


Synthol အဆီကို 250 ml ထိုးသွင်းခဲ့ပြီး လက်မာင်းကြွက်သား တစ်လက်မလောက်သာ တက်လာတဲ့အတွက် ထပ်မံထိုးသွင်းခဲ့ရာမှ ပုံပါအတိုင်းအဆမတန် ကြီးထွားလာခဲ့တာဖြစ်ပါတယ်။
ဆေးထိုးခဲ့ပြီးနောက် အိပ်ယာထဲလှဲနေစဉ် အဖျား ၄၀ ဒီဂရီလောက်ရှိခဲ့ပြီး သေလောက်အောင် ခံစားခဲ့ရပေမယ့် နောက်ဆုံးမှာတော့ အားလုံး အဆင်ပြေသွားကြောင်း သူကရေးသားခဲ့ပါတယ်။
Synthol ကို ပြိုင်ပွဲဝင် ကာယဗလမောင်တွေအသားတင်းစေရန် အနည်းငယ်သာ အသုံးပြုလေ့ရှိသည်။ ဆရာဝန်တွေကတော့ Synthol ကြောင့် လူရဲ့ခန္ဓာကိုယ်ရှိ အဆုတ်၊ အာရုံကြောပျက်ဆီးမှု အစရှိတဲ့ ဆိုးကျိုးတွေ ဖြစ်ပေါ်စေနိုင်တယ်လို့ သတိပေးထားပါတယ်။
comment