1. Home
  2. Myanmar News

မန္တလေးမြို့တွင် တိုက်ခန်းအတွင်း လူသတ်ပြီး ပစ္စည်းများယူဆောင်သွားသူကို ဖမ်းမိ

Myanmar News พ.ย. 22, 2560 view 1,452

နိုဝင်ဘာလ ၁၄ ရက်နေ့က မန္တလေးမြို့တွင် ဖြစ်ပွားခဲ့သော တိုက်ခန်းတစ်ခုအတွင်း အသက် ၃၇ နှစ် အရွယ်အမျိုးသားတစ်ဦး သွေးအိုင်ထဲလဲကျသေဆုံးနေမှုနှင့် ပတ်သတ်သော ကျူးလွန်သူကို မန္တလေးတိုင်းရဲတပ်ဖွဲ့က နိုဝင်ဘာလ ၂၁ ရက်နေ့ နေ့လည်မှာ ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။

နိုဝင်ဘာလ ၁၄ရက်နေ့က မန္တလေးမြို့ အောင်မြေသာစံမြို့နယ် ၇၃ လမ်း (မန္တလေးမတ္တရာကားလမ်းဘေး)၊ ၇ လမ်း နဲ့ ၈ လမ်းကြား ရွှေမန်းတောင်ဂေါက်ကွင်း တိုက်တန်း၊ အခန်းအမှတ်(  )တွင် တစ်ယောက်ထဲနေထိုင်သူတစ်ဦး သေဆုံးနေကြောင်း သတင်းအရ သွားရောက်စစ်ဆေးခဲ့ရာ လည်ပင်းပြတ်ရှဒဏ်ရာ၊ နဖူးပြတ်ရှဒဏ်ရာ ယာမျက်ခုံးပြတ်ရှဒဏ်ရာနဲ့ ဦးခေါင်းညာဂျိုဇောင်း ပေါက်ပြဲဒဏ်ရာတွေနဲ့ သေဆုံးနေကြောင်း စစ်ဆေးတွေ့ရှိခဲ့ရသည်


နိုဝင်ဘာလ ၂၁ ရက်နေ့ နေ့လည်ပိုင်းတွင် သေဆုံးခဲ့သူ၏ မောတော်ဆိုင်ကယ်အား စီးနင်းခဲ့သူတစ်ယောက်ကို ရဲကတွေ့ရှိခဲ့ရာမှ လိုက်လံဖမ်းဆီးစစ်ဆေးခဲ့ပြီး အမှုမှန်ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။
တရားခံဖြစ်သူဟာ အသက် ၂၂ နှစ်အရွယ် လူငယ်တစ်ဦးဖြစ်ပြီး တိုက်ခန်းတွင်းသေဆုံးခဲ့သူ စိုင်းလုံနဲ့ စကားများရန်ဖြစ်ရာမှ သတ်ခဲ့ပြီးနောက် ရွှေထည်ပစ္စည်းများ အပါအဝင် လက်ကိုင်ဖုန်း တို့ကို ယူဆောင်ခဲ့ကြောင်းရဲထံ ကနဦးထွက်ဆိုထားကြောင်း သတင်းရရှိသည်။

 



Follow us on