1. Home
  2. Special or Others

ကြယ်ငါးပွင့်ဟိုတယ်အလားထင်ရတဲ့ ကမ္ဘာ့ဇိမ်အကျဆုံး သီသန့်လေယာဉ်

Special or Others พ.ย. 22, 2560 view 1,689

လက်ရှိကမ္ဘာပေါ်မှာ တစ်စင်းတည်းသာရှိတဲ့ ဘိုးရင်း 787 Dreamliner သီးသန့်လေယာဉ်ရဲ့ အတွင်းပိုင်ဟာ ကြယ်ငါးပွင့်ဟိုတယ်ကို ရောက်ရှိနေသည့်အလား ပြင်ဆင်ထားပါတယ်။ အကြီးစားအိပ်ခန်း၊ ရေချိုးခန်းအပြင် ၄၂ လက္မတီဗီ အစရှိသည်တို့ ပါဝင်တဲ့ ဇိမ်အကျဆုံး လေယာဉ်တစ်စင်းလည်းဖြစ်ပါတယ်။


ကမ္ဘာ့အကြီးဆုံး သီးသန့်လေယာဉ်တစ်စင်းလည်းဖြစ်တဲ့ B787 Dreamjet ဟာ စတာလင်ပေါင် သန်း ၂၃၀ တန်ဖိုးရှိပါတယ်။ ပုံမှန်အားဖြင့် ခရီးသည် ၃၃၀ တင်ဆောင်နိုင်တဲ့ ပမာဏကို ခရီးသည် ၄၀ အတွက်သာ အထက်တ်းကျကျပြင်ဆင်ထားတာဖြစ်ပါတယ်။


လေယာဉ်ထဲမှာ အဆင့်မြင့်နည်းပညာကိုသုံးထားပြီး တက်ဘလက်တွေကတစဆင့် မီးအဖွင့်အပိတ်၊ လေယာဉ်ပြတင်းပေါက်၊ တီဗီ အစရှိသည်တို့ကို ထိန်းချုပ်နိုင်ပါတယ်။ အဆိုပါလေယာဉ်ကို တရုပ်လေကြောင်းလိုင်း Hainan Airlines Group ရဲ့လက်ခွဲ DeerJet က ပိုင်ဆိုင်ပါတယ်။


လေယာဉ်ပျံသန်းချိန် ၁၇ နာရီဝန်းကျင်(မိုင် တစ်သောင်း) ပတ်ချာလည်ရှိတဲ့ နေရာတော်တော်များများကို ပျံသန်းနိုင်ပြီး လေယာဉ်ခက အတန်းအစားအလိုက် တစ်ဦးကို ပေါင် ၂၀,၀၀၀ ကနေ ပေါင် ၅၀၀ (လူ ၄၀ အပြည့်ပါပါက) ကျသင့်နိုင်ကြောင်း သိရှိရသည်။
လေယာဉ်ရဲ့ ခမ်းနားမှုကို ကိုယ်တိုင် ကြည်ရှုပါ။
 



Follow us on