1. Home
  2. Myanmar News

မြန်မာအလုပ်သမတစ်ဦးအား ကာယိနြေ္ဒပျက်အောင်လုပ်ဆောင်မှုဖြင့် ဝမ်ပေါင်ရုံးမှတရုတ်နိုင်ငံသားကို မုံရွာတရားရုံးမှ ငွေဒဏ်ကျပ်ငါးသိန်းချမှတ်

Myanmar News พ.ย. 22, 2560 view 1,536

အမှုဖြစ်ပွားခြင်းမှာ ဝမ်ပေါင်ကုမ္ပဏီကော်ဖီဘားတွင် အလုပ်လုပ်ကိုင်နေသော အသက်(၂၀)အရွယ် (အပျို)အား စားဖိုဆောင်တာဝန်ခံ (ဌာနမှူး)မစတာလီတာချူး(၄၄)နှစ်မှလက်ဆွဲခြင်း၊ ဖက်နမ်းမည်ပြုခြင်း၊ အများသူငှာရှေ့တွင် သုံးရက်မတ်တတ်ရပ်စေခြင်းတို့ကို ကျူးလွန်ခဲ့သည်ဆိုကာ မ…မှ ၂၀၁၆ ခုနှစ် ဇန်နဝါရီ ၅ ရက်တွင် ဆားလင်းကြီးမြို့နယ်တရားရုံး၌ ဦးတိုက်လျှောက်ထားခဲ့ခြင်းဖြစ်ပါတယ်။

“ဌာနမှူးတစ်ယောက်ရဲ့ လုပ်ပိုင်ခွင့်ထက်ကျော်ပြီး အများသူငှာရှေ့မှာ ဝန်ထမ်းကိုမတ်တတ်ရပ်ခိုင်းတာ၊ အခန်းတံခါးပိတ်တာ၊ လက်ဆွဲနမ်းမယ်ပြုတာတွေကြောင့် ဆားလင်းကြီးတရားရုံးမှာ ရာဇသတ်ကြီးပုဒ်မ ၃၅၂/၃၅၄ တို့နဲ့ဦးတိုက်လျှောက်တာပါ။မြို့နယ်တရားရုံးက ပုဒ်မ ၃၅၄ ပြစ်မှုထင်ရှားလို့ တရားကြီး ဒေါ်ခင်မြတ်မြတ်ထွန်းကနေ ငွေဒဏ် ကျပ်ငါးသိန်းပေးဆောင်စေ။ငွေဒဏ်ပေးဆောင်ဖို့ပျက်ကွက်ရင် ထောင်ဒဏ်နှစ်လကျခံစေလို့ အမိန့်ချပါတယ်။”  တရားခံက ဒဏ်ငွေငါးသိန်းပေးဆောင်သွားပါတယ်လို့သိရပါတယ်။

Soure : Democracy



Follow us on