1. Home
  2. Special or Others

ပန်းချီအစွမ်းနဲ့ အမြင်အာရုံလှည့်စားပြီး မျက်စိဘယ်လောက်လျှင်လဲ စမ်းသပ်ခဲ့တဲ့ မော်ဒယ်

Special or Others พ.ย. 22, 2560 view 1,711

ကိုယ်ခန္ဓာမှာ အဝတ်အစားဒီဇိုင်းပုံစံ ပန်းချီနဲ့ရေးဆွဲ ပုံဖော်ထားတဲ့ (အမှန်တစ်ကယ်အဝတ်မဝတ်ထား) မော်ဒယ်တစ်ဦးဟာ လူစည်ကားတဲ့ ဈေးဝယ်စင်တာထဲသွားပြီး လူတွေဘယ်လောက် မျက်စိလျှင်လဲဆိုတာ အကဲခတ်ခဲ့ပါတယ်။


ဗီဒီယိုကို အပျော်သဘောနဲ့ လူ့မနောကို သိလိုစိတ်နဲ့ မှတ်တမ်းတင်ခဲ့တာဖြစ်ပြီး Body Art ဖန်တီးသူ ပန်ချီဆရာမ Jen Seidel နဲ့ မော်ဒယ် Luciotti တို့ အတူတူလုပ်ခဲ့ကြတာဖြစ်ပါတယ်။ လူတွေကြားထဲ အဝတ်မပါပဲသွားရင် လူတွေက ဘယ်လိုတုံ့ပြန်မလဲဆိုတာကို အမြင်အာရုံလှည့်စားပြီး ဖန်တီးခဲ့တာဖြစ်ပါတယ်။


Jen Seidel ဟာ Body paint ပန်းချီဆရာမအဖြစ် လူမှုကွန်ယက်ပေါ်မှာ လူသိများတဲ့ အနုပညာရှင်ဖြစ်ပြီး Luciotti အတွက် အင်္ကျီနဲ့ ဂျင်းဘောင်းဘီပုံစံကို သေးစိတ်ရေးဆွဲပေးခဲ့ပါတယ်။


အစပိုင်းမှာ ရုတ်တရက်လူတွေက သတိမထားမိပေမယ့် နောက်ပိုင်းမှာတော့ ကွက်ကြည့်ကွက်ကြည့် ရှက်ကိုးရှက်ကန်းတွေ ဖြစ်သွားကြတာကို ရယ်စရအဖြစ် ဗီဒီယိုထဲမှာ မြင်တွေ့ရပါလိမ့်မယ်။


 



Follow us on