1. Home
  2. Myanmar News

ဘတ်စ်ကားစီးနေသူတွေသာမက ယာဉ်မောင်းတွေကိုပါ ခါးပိုက်နှိုက်တွေရဲ့ ခြိမ်း ခြောက်မှုတွေကပိုပြီးအတင့်ရဲလာကြ

Myanmar News พ.ย. 22, 2560 view 1,518

ရန်ကုန်ဝိုင်ဘီအက်စ်ယာဉ်လိုင်းတွေပေါ်မှာ နေ့စဉ်နီးပါးတစ်ယောက် မဟုတ်တစ်ယောက်ခါးပိုက်နှိုက်တွေရဲ့ဒဏ်ကို တစ်မျိုးမဟုတ်တစ်မျိုးခံနေရပါတယ်။
ငွေကြေး၊ ဖုန်းနဲ့ တန်ဖိုးကြီးလက်ဝတ်ရတနာတွေပါသွားကြပါတယ်။ တချို့က အနှိုက်ခံနေရတာမြင်နေရပေမဲ့ မပြောရဲတာကြောင့် ငြိမ်နေရသလို ခါးပိုက်နှိုက်ဆင်းသွားပြီဆိုမှ ကားသမားကိုပြောပြီး အကူအညီတောင်းတာတွေလည်း ရှိနေကြပါတယ်။

ဘတ်စ်ကားစီးနေသူတွေသာမက ယာဉ်မောင်းတွေကိုပါ ခါးပိုက်နှိုက်တွေရဲ့ ခြိမ်း ခြောက်မှုတွေကပိုပြီးအတင့်ရဲလာကြတယ်လို့ ဝိုင်ဘီအက်စ်ယာဉ်မောင်းတချို့ကဆိုပါတယ်။ အတွေ့အကြုံရှိတဲ့ ယာဉ်မောင်းတချို့ကတော့ကားပေါ်ကိုတက်လာပြီဆိုတာနဲ့ သည်လူဟာ ခါးပိုက်နှိုက် ဟုတ်မဟုတ်၊ အကြမ်းဖျင်းသိရှိတတ်ကြတယ်လို့ ယာဉ်မောင်းအချို့က ပြောကြပါတယ်။ဝိုင်ဘီအက်စ် ယာဉ်မောင်းတစ်ဦးဖြစ်တဲ့ ဦးကြည်မျိုးဇော်ဆိုရင်တက်လာတဲ့ သူတွေထဲမှာ မသင်္ကာသူပါလာရင် ခရီးသည်တွေကို ပစ္စည်းတွေဂရုစိုက်ဖို့နဲ့လွယ်ထားတဲ့ အိတ်တွေကိုရှေ့မှာထားဖို့သတိပေးတတ်တာကြောင့် ခါးပိုက်နှိုက်တွေရဲ့ ရန်ရှာတာကိုခံခဲ့ရဖူးပါတယ်။

သူက စံပြမှတ်တိုင်နားမှာဖြစ်တာလေ၊ ခြိမ်းခြောက်တာကတော့ လူတစ်ယောက်တည်းပါ၊ အုပ်စုလိုက်ပါလာလားတော့ မပြောတတ်ဘူး၊ မင်းကဘာကောင်လဲ ကားမောင်းသမားမဟုတ်ဘူးလား၊ မင်းနဲ့ ဘာဆိုင်လဲဆိုပြီး ဆဲဆိုထွက်သွားတာလို့ ပြောတယ်။လက်ရှိပြေးဆွဲနေတဲ့ ဝိုင်ဘီအက်စ်ယာဉ် လိုင်းအများစုဟာ ဒရိုင်ဘာတစ်ယောက်သာပါရှိပြီးယာဉ်အကူမပါတတ်ကြပါဘူး။ ကားကျပ်နေတဲ့အချိန်မှာ အများစုအနှိုက်ခံကြရတာဖြစ်ပြီး လူကျပ်နေတာကြောင့် ဒရိုင်ဘာဆီကိုချက်ချင်း အကြောင်းမကြားနိုင်ကြပါဘူး။အနှိုက်ခံရတဲ့ ခရီးသည် အိတ်အခွဲခံရပြီလို့ သိလိုက်ချိန်ဆိုရင် ခါးပိုက်နှိုက်လို့ သံသယရှိသူတွေက နီးစပ်ရာမှတ်တိုင်မှာဆင်းသွားကြပါပြီ။

ယာဉ်မောင်းတစ်ဦးဖြစ်တဲ့ ဦးကျော်နိုင်ကတော့ သူ့ကားပေါ်ကိုတက်လာတဲ့ မသင်္ကာသူ တွေ့ရင် မျက်စိဒေါက်ထောက်ကြည့်နေပြီး ခရီးသည်တွေကိုခါးပိုက်နှိုက်ပါလာတယ် သတိထားကြပါဆိုပြီး သတိပေးတတ်တဲ့အကျင့်ကြောင့် ကားပေါ်မှာလူပါးချိန်မှာ ခါးပိုက်နှိုက်က ယာဉ်မောင်းတဲ့ထိုင်ခုံနားအထိအရောက်လာပြီး ဆဲဆိုကျိန်းမောင်းတာခံခဲ့ရဖူးတယ်လို့ ပြောတယ်။သူက’လူကြည့်တော့ ရည်ရည်မွန်မွန်ပုံစံနဲ့ကောင်လေးပေါ့၊ သူ့အဖွဲ့တွေလဲပါမယ်ထင်တယ်၊ ခင်ဗျားအိမ်အေးအေးဆေးဆေးမပြန်ချင်ဘူးနဲ့တူတယ်၊ ကျွန်တော်ဘာကောင်လဲဆိုတာ စုံစမ်းလိုက်ကိုယ့်အလုပ်ကိုယ်လုပ်ဆို ပြီးပြောပြီးဆင်းသွားတယ်၊ ညကျတော့လဲ ဖုန်းဆက်ပြီး ခြိမ်းခြောက်သေးတယ်၊ နံပါတ်ဘယ်လိုသိတာလဲ မပြောတတ်ဘူး၊ သူဆက်လာတဲ့၊ ဖုန်းကို ပြန်ဆက်တော့စက်ပိတ်ထားတယ်တဲ့ ကြုံရတာခဏခဏပဲလို့ သူ့အတွေအကြုံကိုပြန်ပြောပြတယ်။

Credit : kumudranews



Follow us on