1. Home
  2. Myanmar News

အဝေးပြေးကားဝင်းများနှင့် လေယာဉ်ကွင်းတွင် အလုအယက် လူခေါ်ခြင်း၊ taxi ကားများ ဈေးအဆမတန် တောင်းခံခြင်းတို့ကို ကော်မတီဖွဲ့စည်း ဆောင်ရွက်မည်

Myanmar News พ.ย. 22, 2560 view 1,715
အဝေးပြေးကားဝင်းများနှင့် မင်္ဂလာဒုံလေယာဉ်ကွင်းမှ အငှားယာဉ်များ၏ အလုအယက် လူခေါ်နေမှုနှင့် ဈေးအဆမတန် တောင်းခံမှုတို့ကို ထိန်း ချုပ်ရန် အငှားယာဉ် ကြီးကြပ်မှုကော်မတီ ဖွဲ့စည်းဆောင်ရွက် သွား မည်ဖြစ်ပြီး ကားဝင်းများရှိ ကြီးကြပ်ရေး ကော်မတီများနှင့် ပူးပေါင်း ဆောင်ရွက် စေမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ၊ လျှပ်စစ် စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ၀န်ကြီးဌာန ၀န်ကြီးဒေါ်နီလာကျော်က နိုဝင်ဘာ ၂၀ ရက်တွင် ပြောသည်။
 
ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ပုံမှန် အစည်းအဝေးတွင် သင်္ကန်း ကျွန်းမြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဦးနေဘုန်းလတ်က ”မင်္ဂလာဒုံ မြို့ နယ် ၊ (၁) ရပ်ကွက်အတွင်းရှိ အောင်မင်္ဂလာ အဝေးပြေးကွင်း၊ မင်္ဂလာဒုံ လေယာဉ်ကွင်းနှင့် ဒဂုံဧရာ အဝေးပြေးကွင်းတို့ ရှိပြေးဆွဲနေ သော အငှားယာဉ်များကို စနစ်တကျဖြစ်စေရေး စီစဉ်ဆောင်ရွက်ဖို အစီအစဉ်ရှိမရှိ” မေးမြန်းမှုကို ၀န်ကြီးက ပြန်လည်ဖြေကြားပေးခဲ့ခြင်း ဖြစ်သည်။
 
အဆိုပါကော်မတီကို ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့မှ သီးခြား ဖွဲ့စည်းပေးသွားမည် ဖြစ်သည်။ အောင်မင်္ဂလာ အဝေးပြေး ယာဉ်ရပ်နားဝင်းအတွင်း အဝေးပြေးယာဉ်များနှင့် ခရီးသွားရန် လာရောက်ကြသည့် ခရီးသည် များကို လူခေါ်ပွဲစားများက ဆွဲခေါ်ခြင်း၊ ၀င်းအတွင်းမှ ပြန်လည် ထွက်ခွာမည့် ခရီးသည်များကို အပြိုင်အဆိုင် လုယက်ခေါ်သည့် တက္ကစီ လူခေါ်ပွဲစားများကို စည်ပင်ရဲ၊ နယ်မြေရဲ၊ စခန်းလုံခြုံရေး ရဲတပ်ဖွဲ့များနှင့် ပူးပေါင်း ရှင်းလင်းခြင်း၊ သတိပေးခြင်း၊ ပညာပေးခြင်း တို့ကို ဆောင်ရွက် ကြောင်းလည်း ၀န်ကြီးကဆိုသည်။
 
လိုက်နာမှုမရှိသည့် လူခေါ်ပွဲစားများကို စခန်းကြီးကြပ်ရေး ကော်မတီ၏ စီမံခန့်ခွဲမှု ဒဏ်ကြေးရိုက်ခြင်း ၊ မဆောင်နိုင် သူများကို မင်္ဂလာဒုံမြို့နယ် ရဲစခန်းသို့ပို့ဆောင် အရေးယူလျက်ရှိကြောင်း၊ သို့သော်လည်း ယင်းလုပ်ဆောင်ချက် များသည် စည်းကမ်းထိန်းသိမ်းမှုကို အထိုက်အလျောက်သာ ကြပ်မတ်နိုင်သည့် အတွက် ယခုကဲ့သို့ စီမံဆောင်ရွက်ရခြင်း ဖြစ်ကြောင်းလည်း ၀န်ကြီးဒေါ်နီလာကျော်က ပြောကြားခဲ့သည်။
 
Credit >> The Ladies News


Follow us on