The Voice Myanmar Season 1 ရဲ့ အကဲဖြတ်ညွှန်ကြားသူတစ်ဦးကတော့ အဆိုတော် “ရန်ရန်ချမ်း” ဖြစ်ပါတယ်။ The Voice ရဲ့ အကဲဖြတ်ညွှန်ကြားသူ လေးဦးထဲမှာ အနုပညာသက်တမ်း အရင့်ဆုံးလို့ ပြောလို့ရတဲ့ ရန်ရန်ချမ်းဟာ ဟစ်ဟော့ပ်ဂီတကို မြန်မာလူငယ်ပရိသတ်နဲ့ ပထမဦးဆုံး ထိတွေ့ရင်းနှီးပေးတဲ့ “ACID” အဖွဲ့ရဲ့ အဖွဲ့ဝင်တစ်ယောက်လည်း ဖြစ်ပါတယ်။
Hip Hop ဆိုတာ လူတွေဘာမှန်းနာမလည်၊ ဝေဖန်မှုများကြားကနေ သူတို့ရဲ့ Rap စာသားတွေနဲ့ ပရိသတ်တွေကြားကို ကြိုးစားထိုဖောက်ခဲ့သူလည်း ဖြစ်ပါတယ်။ ၂၀၀၀ ခုနှစ်က စတင်ပြီး Hip Hop သီချင်းတွေကို ရေးသားခဲ့ပြီး အတွဲခွေတွေလည်း ထွက်ရှိထားသူဖြစ်ပါတယ်။
မြူးမြူးကြွကြွ တေးသွား၊ စာသားတွေကို ကိုယ်တိုင်သီဆိုဖန်တီးနိုင်တဲ့ ဂီတသမားတစ်ဦးဖြစ်လို့ The Voice Myanmar သီဆိုယှဉ်ပြိုင်မှုမှာ အခြားအကဲဖြတ်ညွှန်ကြားသူ သုံးဦးနဲ့ မတူ၊ တစ်မူထူးခြားတဲ့ ပုံစံနဲ့ မြင်တွေ့သွားကြရမှာဖြစ်ပါတယ်။