1. Home
  2. Myanmar News

ယာဉ်ကြောပိတ်ဆို့မှုကြောင့် စီတီးတက္ကစီ မှတ်ပုံတင်ခြင်းနေရာပြောင်းရွေ့

Myanmar News พ.ย. 23, 2560 view 1,552

အငှားယာဉ်များကို စီတီးတက္ကစီယာဉ်အဖြစ် မှတ်ပုံတင်ခြင်းကို နိုဝင်ဘာလ ၁၅ ရက်နေ့က တာမွေမြို့နယ်ရှိ YRTA ရုံးချုပ်တွင် စတင်ဆောင်ရွက်ပေးနေခဲ့သည်။

မှတ်ပုံတင်ယာဉ်များ၊ သက်တမ်းတိုးယာဉ်များဖြင့် တစ်ရက်လျှင်ယာဉ် ၂၅၀ ကျော်လာရောက်ဆောင်ရွက်နေသဖြင့် ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပေါ်နေသောကြောင့် ရန်ကုန်အနောက်ပိုင်းခရိုင်နှင့် မြောက်ပိုင်းခရိုင် စီတီးတက္ကစီများအတွက် နိုဝင်ဘာလ ၂၂ ရက်နေ့မှ စတင်ကာ အင်းစိန်မြို့နယ် ဗဟိုလမ်းမပေါ်ရှိ YRTA ရုံးသို့ ပြောင်းရွေ့ကာ ဆက်လက်လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

တာမွေမြို့နယ်ရှိ YRTA ရုံးချုပ်တွင်မူ အရှေ့ပိုင်းခရိုင်နှင့် တောင်ပိုင်းခရိုင် တက္ကစီများကိုသာ မှတ်ပုံတင်ခြင်း၊ သက်တမ်းဆိုးခြင်း လုပ်ငန်းများ ဆက်လက်လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း YRTA ရုံးမှ တာဝန်ခံ ဦးအောင်ဝင်းက ပြောကြားခဲ့ပြီး YRTA မှ စီးတီးတက္ကစီ မှတ်ပုံတင်ခြင်းကို နိုဝင်ဘာလ ၁၅ ရက်နေ့မှ ဒီဇင်ဘာ ၃၁ ရက်အတွင်း လုပ်ဆောင်ပေးသွားမည် ဖြစ်ကြောင်း သိရှိရသည်။
 



Follow us on