1. Home
  2. Special or Others

စင်ကာပူတွင် ၂၀၂၂ ခုနှစ်မှစတင်၍ မောင်းသူမဲ့ဘတ်စ်ကားများ၊ လွန်းပျံယာဉ်များ စမ်းသပ်ပြေးဆွဲမည်

Special or Others พ.ย. 23, 2560 view 1,707

စင်ကာပူနိုင်ငံရှိ ပန်ဂေါ၊ တန်ဂေါနှင့် ဂျူရောင်းမြို့တို့တွင်လာမည့် ၂၀၂၂ ခုနှစ်မှစ၍မောင်းသူမဲ့ဘတ်စ်ကားများ၊ လွန်းပျံယာဉ်များ စမ်းသပ်ပြေးဆွဲသွားမည်ဖြစ်ကြောင်း နိုဝင်ဘာ ၂၂ ရက် CAN သတင်းကဆိုသည်။စင်ကာပူနိုင်ငံ၏ ပထမဆုံး မောင်းသူမဲ့ယာဉ်စမ်းသပ်ရေးစင်တာဖွင့်ပွဲတွင် သယ်ယူပို့ဆောင်ရေးဝန်ကြီး ခေါဘူးဝမ်က မြို့သုံးမြို့၌ မောင်းသူမဲ့ယာဉ်များပြေးဆွဲနိုင်ရန်လိုအပ်သည်များကို ဆောင်ရွက်မည်ဟုပြောသည်။

၂၀၂၂ ခုနှစ်မှစ၍ ယာဉ်အသွားအလာနည်းသည့်အချိန်များတွင် မောင်းသူမဲ့ဘတ်စ်ကားများကို စမ်းသပ်ပြေးဆွဲစေမည်ဖြစ်ကြောင်း၊ ဒေသခံများနှင့် အလုပ်သမားများအတွက် မောင်းသူမဲ့လွန်းပျံယာဉ်များလည်း ပြေးဆွဲစေမည်ဖြစ်ကြောင်း ဝန်ကြီးခေါကပြောပါတယ်။မောင်းသူမဲ့ယာဉ်များကြောင့် သက်ကြီးရွယ်အိုများ၊ ကလေးရှိသော မိသားစုများ၊ ဒုက္ခိတများသွားရေးလာရေး ပိုမိုလွယ်ကူ အဆင်ပြေစေရန် မျှော်လင့်သည်ဟုလည်းပြောပါတယ်။

Soure: Democracy

 



Follow us on