1. Home
  2. Special or Others

လက်မထပ်မီ ကလေး(၁၃)ယောက် မွေးစားလိုက်တဲ့ သတို့သမီး

Special or Others พ.ย. 23, 2560 view 1,593

အတိတ်ဘဝရေစက်ပဲလို့ဆိုရမလား ဒါမှမဟုတ် အရမ်းကိုထူးခြားပြီး ပရဟိစိတ်ထက်သန်တဲ့  မိန်းကလေးလို့ တင်စားရမယ့် အသက် ၂၃ နှစ်အရွယ် Katie Davis ဟာ သူမအထက်တန်းကျောင်းသူဘဝထဲက ကျောင်းမှာ အလှဘုရင်မဖြစ်ခဲ့သလို အတန်းခေါင်းဆောင်လဲ ဖြစ်ခဲ့ဖူးပြီး ထူးချွန်ထက်မြက်တဲ့ အရည်အသွေးတွေပိုင်ဆိုင်ထားသူပါ။

အထက်တန်းကျောင်းသူဘဝမှာ သာသနာပြုအစီစဉ်နဲ့ ယူဂန်ဒါနိုင်ငံကို ရောက်ခဲ့ပြီးနောက်မှာတော့ သူမရဲ့ခံယူချက်တွေ အားလုံးဟာ ပြောင်းလဲသွားခဲ့ပါတယ်။ အဲဒီခရီးစဉ်က အပြန်မှာတော့ သူမကျောင်းပြီးတာနဲ့ တက္ကသိုလ်မတက်တော့ပဲ ယူဂန်ဒါနိုင်ငံကို ပြန်သွားပြီး မိဘမဲ့ကလေးတွေကို စာသင်ပေးမယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။


အဲဒီအချိန်က သူမဟာ ယူဂန်ဒါမှာပဲ အခြေချနေထိုင်သွားဖြစ်လိမ့်မယ်လို့ တွေးမိမှာတောင် မဟုတ်သေးပါဘူး။ ကျောင်းပြီးသွားတဲ့အခါမှာတော့ ယူဂန်ဒါကို သွားပြီး သာသနာရေးနဲ့ဆက်စပ်တဲ့ အဖွဲ့အစည်းတစ်ခုကို ထူထောင်ပြီး လူတွေရဲ့ဘဝကို ပြောင်းလဲတိုက်တက်လာအောင် သာသနာပြန့်ပွားအောင် အားထုတ်လုပ်ကိုင်ခဲ့ပါတယ်။


သူကိုယ်တိုင်ရေးသားထားတဲ့  “Kisses from Katie” (ကေတီထံမှ အနမ်းပွင့်များ) စာအုပ်ဟာ စဉ်ဆက်မပြတ်မေတ္တာတရားတွေနဲ့ လူသားတွေကို ပြန်လည်ကယ်တင်းခြင်းနဲ့ဆိုင်​သော အကြောင်းအရာတွေပါဝင်ပြီး နယူးယောခ့်မှာ အရောင်းရဆုံးစာအုပ်စာရင်းဝင်ခဲ့ပါတယ်။


သူမဟာ Benji Majors ဆိုသူ သာသနာပြုဆရာနဲ့ ယူဂန်ဒါမှာပဲ တွေ့ဆုံကာ ချစ်သူတွေဖြစ်ခဲ့ကြပါတယ်။ ထူးဆန်းတာက သူတို့နှစ်ဦးစလုံးဟာ တန်နစီပြည်နယ်က ဖရန်ကလင်မှာပဲ ကြီးပြင်းခဲ့ကြပေမယ့် ယူဂန်ဒါကျမှဆုံတွေ့ပြီး မေတ္တာမျှခဲ့ကြတာဖြစ်ပါတယ်။


Katie ဟာ Majors နဲ့ လက်မထပ်ခင်မှာ ယူဂန်ဒါ မိဘမဲ့ကလေးငယ် ၁၃ ဦးကို အရင်မွေးစားခဲ့ပါတယ်။ အဲဒီနောက်မှာတေ့ သူတို့နှစ်ဦး ၂၀၁၅ မှာ လကိထပ်ခဲ့ပြီး ယူဂန်ဒါနိုင်ငံမှာပဲ သာသနာ့အကျိုး လူမှုရေးအလုပ်တွေလုပ်ရင် နေထိုင်လျှက်ရှိသည်။
 



Follow us on