1. Home
  2. Good Morning Myanmar

အကြမ်းဖက်မှုထောက်ပံ့သည့်နိုင်ငံအဖြစ် မြောက်ကိုရီးယားနိုင်ငံသတ်မှတ်ခံရ

Good Morning Myanmar พ.ย. 23, 2560 view 1,455
မြောက်ကိုရီးယားနိုင်ငံဟာ အကြမ်းဖက်မှုတွေကို ထောက်ပံ့ပေးနေတဲ့နိုင်ငံအဖြစ် အမေရိကန်နိုင်ငံက ပြန်လည်သတ် မှတ်ခဲ့တယ်ဆိုပြီး သမ္မတ ဒေါ်နယ်ထရမ့်က ကြေညာလိုက်ပါတယ်။အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့နေတဲ့ နိုင်ငံစာရင်းကနေ မြောက်ကိုရီးယားကိုပယ်ဖျက်ပြီး (၉)နှစ်အကြာမှာ အခုလိုပြန်လည်ကြေညာလိုက်တာပါ။နိုဝင်ဘာလ(၂၁)ရက်မှာ မြောက်ကိုရီးယားအပေါ် အကြီးစား ပိတ်ဆို့မှုတွေကို အမေရိကန်အစိုးရဘက်က ကြေညာသွားမှာဖြစ်တယ်လို့လည်း ထရမ့်က ပြောခဲ့ပါတယ်။
 
ပိတ်ဆို့မှုတွေကြောင့်ဖြစ်လာနိုင်တဲ့အကျိုးသက်ရောက်မှုတွေကတော့ အကန့်အသတ်ရှိနေနိုင်တယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ရက်က်စ်တီလာဆန်က ပြောပါတယ်။ ပြီးခဲ့တဲ့စက်တင်ဘာလမှာ ကုလသမဂ္ဂလုံခြုံရေးကောင်စီဟာ အမေရိကန်ဦးဆောင်မှုနဲ့ ရေနံတင်သွင်းခွင့် ပိတ်ပင်တာနဲ့ မြောက်ကိုရီးယားအထည်ချုပ်လုပ်ငန်းတွေက ပစ္စည်းတွေ ၀ယ်ယူမှုရပ်ဆိုင်းတာတွေပါဝင်တဲ့ ပိတ်ဆို့မှုတွေ မြောက်ကိုရီးယားနိုင်ငံအပေါ်ပြုလုပ်ခဲ့ပါတယ်။ပိတ်ဆို့မှုတွေကို မြောက်ကိုရီးယားနိုင်ငံက (၆)ကြိမ်မြောက် နျူကလီးယားစမ်းသပ်မှုနဲ့ဒုံးကျည်စမ်းသပ်မှုတွေပြုလုပ်ခဲ့ပြီးနောက်မှာ သတ်မှတ် လိုက်တာပါ။
 
အမေရိကန်ကသတ်မှတ်ထားတဲ့ အကြမ်းဖက်မှုကို ထောက်ပံ့နေတဲ့နိုင်ငံစာရင်းထဲမှာ မြောက်ကိုရီးယားနဲ့အတူ အီရန်၊ဆူဒန်နဲ့ ဆီးရီးယားနိုင်ငံတွေ ပါဝင်နေပါတယ်။အမေရိကန်သမ္မတဂျော့ဂ်ျ ဒဗလျူဘုရှ် လက်ထက်မှာ မြောက်ကိုရီးယားရဲ့နျူကလီးယားစီမံကိန်းတွေအပေါ် ညှိနှိုင်းမှုအနေနဲ့ အကြမ်းဖက်မှုကို ထောက်ပံ့နေတဲ့ နိုင်ငံစာရင်းကနေ မြောက်ကိုရီးယားနိုင်ငံကို ပယ်ဖျက်ပေးခဲ့တာပါ။
https://www.facebook.com/GoodMorningMyanmarLive/videos/2154047877954664/


Follow us on