1. Home
  2. Good Morning Myanmar

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှာ ဥက္ကဋ္ဌအဖြစ် ပြန်ကြားရေး ၀န်ကြီးဟောင်း ဦးအောင်ကြည်ကို ခန့်အပ်ဖို့အတွက် ပြည်ထောင်စုလွှတ်တော်သို့ ၀သဏ်လွှာပေးပို့

Good Morning Myanmar พ.ย. 23, 2560 view 1,438
အဂတိလိုက်စားမူတိုက်ဖျက်ရေးကော်မရှင်ဖွဲ့စည်းဖိုနဲ့ ဥက္ကဋ္ဌအဖြစ် ဦးအောင်ကြည်ကို ခန့်အပ်ဖို့ အတွက် နိုင်ငံတော်သမ်္မတ ပြည်ထောင်စု လွှတ်တော်ကို တင်ပြခဲ့ပါတယ်။
ရတနာမိုး-နိုင်ငံတော်သမ်္မတထံမှပေးပို့ထားတဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဖွဲ့စည်းဖို့ကိစ်္စနဲ့ပတ်သက်ပြီး နိုဝင်ဘာလ(၂၀)ရက်က ပြုလုပ်ခဲ့တဲ့ ဒုတိယအကြိမ် ပြည်ထောင်စု လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေးမှာ နိုင်ငံတော်သမ်္မတထံမှ ပြည်ထောင်စု လွှတ်တော်နာယကထံ ပေးပို့ထားတဲ့ သ၀ဏ်လွှာကို ပြည်ထောင်စုလွှတ်တော်နာယက မန်းဝင်းခိုင်သန်းက ဖတ်ကြားခဲ့ တာပါ။
အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်မှာ တာဝန်ထမ်းဆောင်ဖို့ရာအတွက် နိုင်ငံတော်သမ္မတက ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး(ငြိမ်း) ဦးအောင်ကြည်အပါအ၀င် လေးဦးကို အမည်စာရင်းတင်သွင်းခဲ့ပြီး လွှတ်တော်ဥက္ကဋ္ဌနှစ်ဦးမှလည်း လေးဦးစီ အမည်စာရင်း တင်သွင်းခဲ့ကာ စုစုပေါင်း ၁၂ဦးနဲ့ အဆိုပါကော်မရှင်ကို ဖွဲ့စည်းဖို့လျာထားတယ်လို့သိရပါတယ်။ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဌအဖြစ်ကိုတော့ တင်သွင်းခဲ့တဲ့အမည်စာရင်း တွေထဲကနေ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး(ငြိမ်း)ဦးအောင်ကြည်ကို လျာထားပြီး အတွင်းရေးမှူးအဖြစ် ဦးစန်းဝင်းတို့ကို လျာထားတယ်လို့သိရပါတယ်။
ပြည်ထောင်စုလွှတ်တော်မှာတင်သွင်းခဲ့တဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ဖွဲ့စည်းဖို့ကိစ္စနဲ့ အဆိုပါကော်မရှင်မှာ တာဝန်ထမ်းဆောင်ဖို့ရာအတွက် အမည်စာရင်း ပေးသွင်းထားသူတွေကို အတည်ပြုနိုင်ဖို့ နိုဝင်ဘာလ၂၃ ရက်မှာပြုလုပ်မဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ ဆွေးနွေးဆုံးဖြတ်သွားမှာလည်းဖြစ်ပါတယ်။
 
https://www.facebook.com/GoodMorningMyanmarLive/videos/2154034887955963/


Follow us on