1. Home
  2. Special or Others

ကျားကိုအစာခွံ့ကျွေးသူ ကံကောင်းစွာနဲ့ ကျားစာအဖြစ်မှလွတ်

Special or Others พ.ย. 23, 2560 view 1,672

တရုပ်နိုင်ငံ ဟန်နန်ပြည်နယ်ရှိ စီချွမ်းမြို့ထဲသို့  ဆပ်ကပ်အဖွဲ့တစ်ဖွဲ့ ရောက်ရှိလာခဲ့ရာ သားရဲတိရိစ္ဆာန်များ တင်ဆောင်လာသော ကားများပါလာသဖြင့် လမ်းသွားလမ်းလာများ အထူးစိတ်ဝင်စားလျှက်ရှိကြသည်။

အနားမှဖြတ်သွားသူ အမျိုးသားကြီးတစ်ဦးက ကျားနှစ်ကောင် ထည့်ထားသော လှောင်အိမ်အတွင်းသို့ လက်လျှိုကာ အစာကျွေးစဉ် အစာကိုသာမက လက်ကိုပါ ကိုက်ခဲထားပြီး မလွှတ်ပဲဆွဲထားရာ အားလုံးအထိတ်တလန့်ဖြစ်ခဲ့ကြရသည်။ အပြင်ကလူတစ်ဦးက တုတ်ဖြင့်ထိုးပြီးခြောက်လှန့်မှ ကျားက ခဲထားသော လက်ကို လွှတ်ပေးခဲ့သည်။

ထိုစဉ် အမျိုးသားကြီးမှာ မူမေ့လဲကျသွားခဲ့ရာ အနီးရှိလူများက အရေးပေါ်ကို ဖုန်းဆက်အကြောင်းကြားခဲ့ပြီးနောက် ဆေးရုံသို့ခေါ်ဆောင်သွားပြီး နောက်ဆက်တွဲသတင်း မရရှိကြောင်း သိရှိရသည်။



 



Follow us on