1. Home
  2. Special or Others

သားအတွက် မိန်းမတင်မတောင်းပေးနိုင်သည့်အဆုံး မိခင်ဖြစ်သူ အဆုံးစီရင်

Special or Others พ.ย. 23, 2560 view 1,487

တရုပ်နိုင်ငံ ဟန်နန်ပြည် နင်လင်းမြို့တွင် သတို့သမီးဘက်က မင်္ဂလာလက်ဖွဲ့တောင်းဆိုမှုကို မတတ်နိုင်သည့်အတွက် စိတ်ဓါတ်ကျကာ သတို့သား၏ မိခင်ဖြစ်သူက မြစ်ထဲခုန်ချပြီး အဆုံးစီရင်ခဲ့သည်။

သတို့သမီးဘက်က မင်္ဂလာလက်ဖွဲ့အဖြစ် သတို့သားမှ ကားတစ်စီး တင်တောင်းရမည်ဟု ပြောဆိုခဲ့ခြင်းဖြစ်သည်။ သတို့သားဘက်က အခြေအနေမှာ ကားတင်တောင်နိုင်သည့် အခြေအနေမရှိသည့်အဆုံး မိခင်ဖြစ်သူမှာ အကြီးအကျယ် စိတ်ထိခိုက် စိတ်ဓါတ်ကျလာပြီး မြစ်ထဲသို့ ခုန်ဆင်းကာ သတ်သေခဲ့ခြင်းဖြစ်သည်။

ဗီဒီယိုထဲတွင် မြစ်ကမ်းနံဘေးတွင် ဆယ်ယူလယသော အမျိုးသမီးအလောင်းအနီး ခင်ပွန်းဖြစ်သူက စိတ်ထိခိုက်ကြေကွဲပြီးနောက် သူပါမြစ်ထဲသို့ ခုန်ချရန် ကြိုးစားခဲ့သည်။ သားဖြစ်သူနှင့် ကယ်ဆယ်ရေးအဖွဲ့များက အချိန်မီ ဆွဲထားနိုင်ခဲ့သည်။


အဆိုပါဗီဒီယို အွန်လိုင်းပေါ်ပျံ့နှံ့ခဲ့ပြီး အားလုံးက သတို့သမီးဘက်ကို ပြစ်တင်ဝေဖန်မှုများရှိသကဲ့သို့ ငွေရေး​ကြေးရေးအဆင်မပြေသေးပဲ အိမ်ထောင်ပြုချင်သော သတို့သားကိုလည်း ဝေဖန်မှုများ ရှိခဲ့သည်။
ယခုအဖြစ်ပျက်မှာ မည်သူလွန်သည်ဟု ထင်ပါသနည်း..?



Follow us on