1. Home
  2. Movie Stars - Celebrity

ခန္ဓာကိုယ် ပေါ်မှာ တက်တူးပေါင်း ၃၀ ကျော်ရှိတယ် ဆိုတဲ့ တိုင်ရွန်

Movie Stars - Celebrity พ.ย. 23, 2560 view 2,915

အရင် ရည်းစားကြောင့် သူမတူအောင် ပြောင်းလဲ ခဲ့တဲ့ ဂျစ်ကန်ကန် ကောင်လေး တစ်ယောက် အဖြစ် လူသိများတဲ့ တိုင်ရွန် ဟာ မော်ဒယ်လောက ကနေ သရုပ်ဆောင်လောက ထဲကို လဲ ၀င်ရောက်လာပြီ ဖြစ်ပါတယ်။ ရောင်နီမျှော်တဲ့ နွေဦး ဇာတ်လမ်းတွဲမှာလဲ ပုံစံ အသစ်တမျိုးနဲ့ မြင်တွေ့ရဦးမှာ ဖြစ်ပါတယ်။

အခု နောက်ပိုင်း ဇာတ်လမ်းတွဲ တော်တော်များများမှာ သရုပ်ဆောင်လာပါတယ် ။ တိုင်ရွန် လို့ ပြောလိုက်ရင် သူ့ရဲ့ တက်တူးတွေ နဲ့ တွဲမြင်မ်ကြမှာလဲ ဖြစ်ပါတယ် ။ “ ကျွန်တော် ကတော့ တက်တူး ထိုးရတာ ၀ါသနာပါတယ် ။ ဒါကြောင့်လည်း ထိုးရင်း ထိုးရင်း များသွားတာ ။ တက်တူးက အရေ အတွက်နဲ့ ဆိုရင် ခန္ဓာကိုယ် တစ်ခုလုံးမှာ သုံးဆယ်ကျော်လောက် ရှိပါတယ် ။ ကျောကုန်းရော ၊ ဗိုက်ရော ၊ လက်တချောင်းလုံး မှာရော ရှိပါတယ် ။ တက်တူး က သေးသေးလေးတော့ မရှိဘူး ။ လည်ပင်းမှာ ရှိတဲ့ တက်တူးကတော့ ပရိသတ်တွေလည်း ကြိုက်တယ် ။ ကျွန်တော် ကိုယ်တိုင်လည်း သဘောကျတယ် ။ နောက်လည်း ဆက်ထိုးသွားအုံးမှာပါ” ဆိုပြီး သူနှစ်သက်တဲ့ တက်တူးတွေ အကြောင်းကို ပြောပြသွားပါတယ် ။

Credit:popular 



Follow us on