1. Home
  2. Myanmar News

တယ်လီဖုန်းဘီလ်နဲ့ ပက်သက်၍ ကျေနပ်မှုမရှိပါက ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌါနသို့ တိုင်ကြားနိုင်

Myanmar News พ.ย. 24, 2560 view 1,608

တယ်လီဖုန်း ငွေဖြတ်တောက်နဲ့ ပက်သက်၍ ဆက်သွယ်ရေး အော်ပရေတာများ၏ ရှင်းလင်းဖြေကြားမှုကို ကျေနပ်မှုမရှိပါက ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌါနသို့ တိုင်ကြားနိုင်ကြောင်း သိရှိရသည်။

တိုင်ကြားရာတွင် ရှင်းမှုမရှိဟု ယူဆသော တယ်လီဖုန်းသုံးစွဲမှုအချက်အလက် (ဥပမာ − ခေါ်ဆိုအသုံးပြုသည့် အချိန်၊ အသုံးပြုသည့် ဝန်ဆောင်မှု စသည်)တို့နှင့်အတူ တယ်လီဖုန်းအော်ပရေတာများ၏ ပြန်လည်ရှင်းလင်း ဆောင်ရွက်ပေးခဲ့မှု၊ မိမိကျေနပ်မှုမရှိသည့် အချက်လက်များကို နေပြည်တော်ရှိ ရုံးအမှတ်(၂) ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌါနသို့ လိပ်မူ၍သော်လည်းကောင်း [email protected] သို့ အီးမေးလ်ဖြင့် ပေးပို့၍လည်း တိုင်ကြားနိုင်ကြောင်း ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌါန၏ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမျိုးဆွေက ပြောကြားခဲ့သည်။



 



Follow us on