လီဗာပူးလ်အသင်းဟာ ယနေ့မနက်ကယှဉ်ပြိုင်ကစားခဲ့တဲ့ ဆီဗီးလားအသင်းနဲ့ ချန်ပီယံလိဂ်အုပ်စုပွဲ စဉ်မှာ ခံစစ်ပိုင်းအမှားတွေကြောင့် သရေရလဒ်သာရယူနိုင်ခဲ့ပါတယ်။ လီဗာပူးလ်အသင်းဟာ တိုက်စစ်ပိုင်းမှာ စွမ်းဆောင်ရည် ကောင်းမွန်တဲ့အသင်းဖြစ်ပေမယ့် ခံစစ်ပိုင်းမှာ လိုအပ်ချက်တွေရှိနေခဲ့ပါတယ်။ လီဗာပူးလ်အသင်းဟာ ယနေ့မနက်ကယှဉ်ပြိုင်ကစားခဲ့တဲ့ ဆီဗီးလား အသင်းနဲ့ ချန်ပီယံလိဂ်အုပ်စုပွဲစဉ်မှာလည်း ပထမပိုင်းမှာ (၃)ဂိုးပြတ်ဦးဆောင်နေခဲ့ပြီးမှ ဒုတိယပိုင်းမှာ ပေးခဲ့ရတဲ့ဂိုး တွေကြောင့် သရေရလဒ်နဲ့သာ ကျေနပ်ခဲ့ရပါတယ်။
အဆိုပါချန်ပီယံလိဂ် အဝေးကွင်းပွဲစဉ်မှာ လီဗာပူးလ်အသင်း ဟာပထမပိုင်းမှာ (၃)ဂိုးပြတ်နဲ့ဦးဆောင်နိုင်ခဲ့ပေမယ့် ဒုတိယပိုင်းမှာ ဆီဗီးလားအသင်းရဲ့ချေပဂိုးတွေကို ခွင့်ပြုခဲ့ ရတာကြောင့် (၃)ဂိုးစီသရေ၊ရလဒ်သာ ရယူနိုင်ခဲ့ပါတယ်။ လီဗာပူးလ်အသင်း ဟာယခုပွဲစဉ်မှာ အနိုင်(၃)မှတ်ရယူနိုင်ခဲ့ပါက အုပ်စုပွဲစဉ်တွေအပြီးမှာ အုပ်စုဗိုလ်အဖြစ် ရပ်တည်နိုင်ဖို့ သေချာ သလောက်ရှိနေခဲ့ပေမယ့် သရေတစ်မှတ်သာ ရယူနိုင်ခဲ့တာကြောင့် အုပ်စုဗိုလ်နဲ့နောက်တစ်ဆင့်ကို တက် ရောက်နိုင်ဖို့အတွက် အုပ်စုနောက်ဆုံး ပွဲစဉ်မှာ ကြိုးစားရုန်းကန်သွားရဖို့ရှိနေပါတယ်။
.JPG)
လီဗာပူးလ်အသင်းဟာ ချန်ပီယံအုပ်စုပွဲစဉ်(၅)ပွဲ ယှဉ်ပြိုင်ကစား အပြီး (၂)ပွဲနိုင်၊(၃)ပွဲသရေ ရလဒ်(၉)မှတ်နဲ့ အုပ်စု(E)ရဲ့ထိပ်ဆုံးမှာ ဆက်လက်ဦးဆောင်နိုင်ခဲ့ပေမယ့် အုပ်စုဒုတိယအသင်း၊ တတိယအသင်းတို့နဲ့ ရမှတ်ကွာခြားမှု ကျဉ်းမြောင်း နေတာကြောင့် အုပ်စုနောက်ဆုံးပွဲစဉ်မှာ ရလဒ်ကောင်းရရှိဖို့ လိုအပ်နေတာဖြစ်ပါတယ်။ လီဗာပူးလ်အသင်းဟာ ဆီဗီးလားအသင်းနဲ့ တွေ့ဆုံခဲ့တဲ့ချန်ပီယံ လိဂ်အုပ်စုပွဲစဉ် အိမ်ကွင်း၊အဝေးကွင်း (၂)ကျော့စလုံးမှာ ခံစစ်ပိုင်း အမှားများနေတာ သိသာထင်ရှားခဲ့ပြီး ပထမအကျော့ အိမ်ကွင်းပွဲစဉ်မှာလည်း ဆီဗီးလားအသင်းကို (၂)ဂိုးပြတ် နဲ့ဦးဆောင်နေပြီးမှ ချေပဂိုး(၂)ဂိုးကို ခွင့်ပြုခဲ့ရတာဖြစ်ပါတယ်။