1. Home
  2. Good Morning Myanmar

ဂျပန်ဧကရာဇ်နန်းစွန့်မည့်နေ့ဒီဇင်ဘာလ(၁)ရက်တွင် ဆွေးနွေးရန်ရှိ

Good Morning Myanmar พ.ย. 24, 2560 view 1,444
ဂျပန်ဧကရာဇ် အာခီဟီတိုနန်းစွန့်မယ့်နေ့ကိုဆုံးဖြတ်မယ့် ဂျပန်အစိုးရအဖွဲ့အစည်းအဝေးကို လာမယ့်ဒီဇင်ဘာ(၁)ရက်မှာပြုလုပ်သွားမှာဖြစ်တယ်လို့ ဂျပန်အစိုးရအဖွဲ့ အတွင်းဝန်က ပြောပါတယ်။ ဂျပန်ဧကရာဇ်ရဲ့နန်းစွန့်မယ့်နေ့ရက်ကို ဆုံးဖြတ်မယ့်ရက်က နီးကပ်လာပြီဖြစ်တယ်လို့ NHK သတင်းဌာနက သတင်းဖော်ပြပါတယ်။
ဂျပန်အစိုးရအာဏာပိုင်တွေက ဂျပန်ဧကရာဇ်နန်းစွန့်မယ့်အချိန်ကိုစဉ်းစားရာမှာ (၂၀၁၉)ခုနှစ် မတ်လ(၃၁)ရက်နဲ့(၂၀၁၉)ခုနှစ်ဧပြီလ(၃၀)ရက် (၂)ရက်ထဲက တစ်ရက်ကိုရွေးချယ်မှာ ဖြစ်တယ်လို့ သတင်းတွေမှာဖော်ပြနေပါတယ်။ဧကရာဇ်နန်းစွန့်မယ့်နေ့က ဘယ်နေ့ဖြစ်မလဲဆိုတဲ့ အစိုးရအဖွဲ့ဝင်တွေရဲ့သဘောကိုသိရဖို့ ဂျပန်အစိုးရအဖွဲ့ဟာ ဒီဇင်ဘာလ(၁)ရက်မှာ ဧကရာဇ်အိမ်တော် ကောင်စီအစည်းအဝေးတစ်ခုခေါ်ယူသွားမှာဖြစ်တယ်လို့ ဂျပန်အစိုးရအဖွဲ့အတွင်းဝန်ဖြစ်တဲ့ ယိုရှီဟိုက် ဆူဂါက နိုဝင်ဘာလ(၂၂)ရက်မှာ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။
 
ဧကရာဇ်အိမ်တော် ကောင်စီအစည်းအဝေးခေါ်ယူမယ့်နေ့ရက်ကိုပြောခဲ့ပေမဲ့ ဧကရာဇ်နန်းစွန့်မယ့်နေ့ရက် အတိအကျကို တော့ အတွင်းဝန်က ပြောခဲ့ခြင်းမရှိပါဘူး။
ဧကရာဇ်အိမ်တော်ကောင်စီအစည်းအဝေးမှာပါဝင်မယ့်သူတွေက ဂျပန်လွှတ်တော် (၂)ရပ်ရဲ့ ဥက္ကဌတွေနဲ့ ဂျပန်တရားရုံးချုပ် တရားသူကြီးချုပ်တို့လည်းပါဝင်မှာဖြစ်ပါတယ်။ အခုနှစ် ဇွန်လမှာ ဂျပန်အထက်လွှတ်တော်က ဂျပန်ဧကရာဇ် အာကီဟီတိုကို နန်းစွန့်ခွင့်ပြုတဲ့ အထူးဥပဒေတစ်ရပ်ကိုအတည်ပြုခဲ့ပါတယ်။အခုနှစ်သြဂုတ်လမှာ ဂျပန်ဧကရာဇ်က အသက်(၈၃)နှစ် ရှိပြီဖြစ်လို့ နန်းစွန့်ဖို့စီစဉ်နေတာဖြစ်တယ်လို့ပြောခဲ့ပါတယ်။ဂျပန်ရဲ့အိမ်ရှေ့စံမင်းသား နာရူဟီတိုဟာ ဂျပန်ဧကရာဇ်နန်းစွန့်ပြီးနောက်တစ်နေ့မှာ ဂျပန်ထီးနန်းကို ဆက်ခံရဖွယ်ရှိနေပါတယ်။ဂျပန်နိုင်ငံမှာ ဧကရာဇ်ကနန်းစွန့်မယ်လို့ပြောခဲ့တာဟာ ရာစုနှစ်(၂)ခုအတွင်း ပထမဆုံးဖြစ်ပါတယ်။
 
https://www.facebook.com/GoodMorningMyanmarLive/videos/2155548741137911/


Follow us on