1. Home
  2. Football

ချန်ပီယံလိဂ်ပြိုင်ပွဲကိုမတူညီတဲ့ကလပ်အသင်း(၇)သင်းနဲ့အတူပါဝင်ကစားခဲ့တဲ့ အီဘရာဟီမိုဗစ်

Football พ.ย. 27, 2560 view 1,607
မန်ယူအသင်းရဲ့ဝါရင့်တိုက်စစ်မှုး အီဘရာဟီမိုဗစ်ဟာ ဘေဆယ်အသင်းနဲ့ချန်ပီယံလိဂ်ပွဲစဉ်မှာ မန်ယူအသင်း အတွက် ပါဝင်ကစားပေးခဲ့ပြီး၊ချန်ပီယံလိဂ်ပြိုင်ပွဲကို မတူညီတဲ့ကလပ်အသင်း (၇) သင်းနဲ့အတူ ပါဝင်ကစားခဲ့တဲ့ ကစားသမားအဖြစ် မှတ်တမ်းတစ်ခုပိုင်ဆိုင်ခဲ့ပါတယ်။ ဒဏ်ရာမှပြန်လည်သက်သာလာပြီဖြစ်တဲ့ မန်ယူတိုက်စစ်မှုး အီဘရာဟီမိုဗစ်ဟာ ဘေဆယ်အသင်းကို အဝေး ကွင်းမှာရှုံးနိမ့်ခဲ့တဲ့ ချန်ပီယံလိဂ်အုပ်စုပွဲစဉ် (၅) မှာ မန်ယူအသင်းအတွက် လူစားဝင်ကစားသမားအဖြစ် ပါဝင် ကစားပေးခဲ့ပါတယ်။ယခုပွဲစဉ်မှာမန်ယူအသင်းအတွက်ပါဝင်ကစားပေးခဲ့တဲ့ အီဘရာဟီမိုဗစ်ဟာ ချန်ပီ ယံလိဂ်ပြိုင်ပွဲကို မတူညီတဲ့ကလပ်အသင်း (၇) သင်းနဲ့အတူ ၀င်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ပထမဆုံးကစားသမား အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။
 
အီဘရာဟီမိုဗစ်ဟာ ချန်ပီယံလိဂ်ပြိုင်ပွဲကို အေဂျက်၊ဂျူဗင်တပ်၊အင်တာမီလန်၊ ဘာစီလိုနာ၊အေစီမီလန်၊PSGအသင်းတို့နဲ့အတူ ၀င်ရောက်ကစားခဲ့ပြီး၊ယခု (၂၀၁၇-၂၀၁၈) ဘောလုံးရာသီမှာ တော့ မန်ယူအသင်းနဲ့အတူ ၀င်ရောက်ယှဉ်ပြိုင်နေတာဖြစ်ပါတယ်။အီဘရာဟီမိုဗစ်အနေနဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲ မှာ ယခင်က ကစားခဲ့တဲ့ ကလပ်အသင်း (၆) သင်းအတွက် သွင်းဂိုးတွေသွင်းယူနိုင်ခဲ့ပြီး၊မန်ယူအသင်းအတွက် သွင်းဂိုး ထပ်မံသွင်းယူနိုင်ခဲ့မယ်ဆိုရင် ကလပ်အသင်း (၇) သင်းစလုံးနဲ့ ချန်ပီယံလိဂ်မှာဂိုးသွင်းယူနိုင်တဲ့ စံချိန်သစ် တစ်ခုထပ်မံရရှိမှာလည်းဖြစ်ပါတယ်။အီဘရာဟီမိုဗစ်ဟာ ကစားသမားဘ၀တစ်လျှောက် ချန်ပီယံ လိဂ်ပွဲပေါင်း (၁၂၀) အထိပါဝင်ကစားခဲ့ပြီး၊သွင်းဂိုးစုစုပေါင်း (၄၈) ဂိုးအထိသွင်းယူနိုင်ခဲ့ပါတယ်။
 
 
https://www.facebook.com/GoodMorningMyanmarLive/videos/2157036187655833/


Follow us on