1. Home
  2. Myanmar News

အကယ်ဒမီနေအောင်က NLD ပါတီဝင်ကို ၆၆(ဃ)ဖြင့် အမှုဖွင့်

Myanmar News พ.ย. 27, 2560 view 1,752

ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ ဦးနေအောင်က မြောက်ဒဂုံမြို့နယ် NLD ပါတီဝင် ဦးသန့်စင်ကို နို ဝင်ဘာ၂၃ ရက်တွင် မြောက်ဒဂုံမြို့မရဲစခန်း၌ ၆၆(ဃ)ဖြင့် အမှုဖွင့်ထားကြောင်း မြောက်ဒဂုံမြို့နယ် အမှတ်(၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးတင်နိုင်ထွန်းက ပြောကြားသည်။

"ကျွန်တော်သိတာကတော့ သူ့ကို လိုင်းပေါ်မှာတင်ထားတဲ့ပို့စ်အတွက် ၆၆(ဃ)နဲ့ ဦးနေအောင်က တရားစွဲ ထားတာပါ။ တရားစွဲတော့ ဒီညနေမှာ ရဲစခန်းကိုသွားတယ်။ ရဲစခန်းက သူ့ရဲ့ဖုန်းကိုစစ်တယ်။ ပြီးတော့ ဖုန်းကိုသိမ်းထားတယ်။ နောက်ဆုံးအခြေအနေကိုတော့ ကျန်တော်မသိသေးဘူး"ဟု ဦးတင်ထွန်းနိုင်က ပြောသည်။

အမှုဖွင့်တရားစွဲခံထားရသော ဦးသန့်ဇင်နှင့် ဦးနေအောင်တို့ကြားတွင် မြေယာပြဿနာလေးများ ရှိနိုင်ကြောင်းနှင့် ဦးသန့်ဇင်သည် သိမ်းဆည်းခံလယ်ယာမြေများ ဖော်ထုတ်ရေးအတွက် ဆောင်ရွက်နေသူဖြစ်ပြီး ဦးသန့်ဇင်၏ Facebook စာမျက်နှာတွင်တင်ထားသော ပို့စ်တစ်ခုကြောင့် ၆၆(ဃ)ဖြင့် အမှုဖွင့်ထား ခြင်းဖြစ်ကြောင်း ဦးသန့်ဇင်၏ သူငယ်ချင်းဖြစ်သူ မန္တလေးတိုင်းဒေသကြီး အမှတ်(၉)အမျိုးသားလွှတ် တော်ကိုယ်စားလှယ် ဦးမောင်မောင်ဆွေ၏ ရုံးအဖွဲ့ဝင် ဦးထွန်းဝင်းက News Watch သို့ပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ မြောက်ဒဂုံရဲစခန်းသို့ ဖုန်းဖြင့်ဆက်သွယ်မေးမြန်းခဲ့ရာတွင် ဖုန်းဖြင့်ဖြေ လို့မရကြောင်းနှင့် ရန်ကုန်တိုင်းဒေသကြီး တိုင်းရုံးတွင် သတင်းကြေညာတဲ့အဖွဲ့ရှိ၍ အဆိုပါအဖွဲ့သို့ ဆက်သွယ်မေးမြန်းပါဟု အဆိုပါရဲစခန်းမှ ဒုရဲအုပ်ချမ်းမြေ့အောင်က ပြောဆိုကြောင်း News Watch တွင် ရေးသားဖော်ပြထားသည်။

Photo:Internet & Illustration ONLY
 



Follow us on