မိုဒတွင်းကာလရောက်ရှိနေတာကြောင့် ဘုရင့်နောင်အဝေးပြေးကုန်စည်ဈေးကွက်အတွင်းမှာ ကုန်ပစ္စည်းတင်ပို့မှု ရှားပါးနေပြီး ပြီးခဲ့တဲ့လတွေက ဘုရင့်နောင်အဝေးပြေးကုန်စည်ဂိတ်ကနေ ကားအစီးရေဆယ်စီးဝန်းကျင်ထွက်ခွာနိုင်ပေမဲ့ ယခုမိုးတွင်းကာလမှာတော့ ကားအစီးရေနှစ်စီး သုံးစီးသာပြေးဆွဲနေရတယ်လို့ မြန်မာနိုင်ငံ အဝေးပြေးကုန်စည်ပို့ဆောင်ရေး ၀န်ဆောင်မှုလုပ်ငန်းရှင်တွေကပြောပါတယ်။