1. Home
  2. Special or Others

တစ်မိနစ်အတွင်း အားပြည့်စေနိုင်တဲ့ဘက်ထရီကို အသုံးပြု ထားတဲ့ လျှပ်စစ်ကားကို ၂၀၂၃ မှာ လာမည်

Special or Others พ.ย. 27, 2560 view 1,456
တစ်မိနစ်အတွင်း အားပြည့်စေနိုင်တဲ့ဘက်ထရီကို အသုံးပြု ထားတဲ့ လျှပ်စစ်ကားကို ၂၀၂၃ မှာ ဈေးကွက်ထဲ မိတ်ဆက်နိုင်ဖို့ မျှော်မှန်းထားတယ်။ တစ်ကြိမ်  အားဖြည့်ထားပြီး မိုင် ၅၀ဝ အထိ မောင်းနှင်နိုင်မှာဖြစ်တယ်လို့ လည်း ဆိုတယ်။‘“လာမယ့် ဇန်နဝါရီမှာ ပြုလုပ်မယ့် The  Consumer Electronics Show (CES) မှာ ကွေးနိုင်ဆန့်နိုင်တဲ့ flexible solid- state battery ကို မိတ်ဆက်ဖို့ကျွန်တော့်ရဲ့ Eponymous Automobile Companyဟာ ပြင်ဆင်မှုတွေနဲ့အလုပ်ရှုပ်နေတယ်”လို့ Mr.Henrik  Fisker က  ဆိုတယ်။
 
 
Eponymous Automobile Company ဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၃၀ ကျော် ကတည်းက လျှပ်စစ်ကားတွေထုတ်လုပ်တဲ့  အမေရိကန်ကုမဏီတစ်ခုဖြစ်တယ်။
ကားမောင်းနှင်နိုင်တဲ့အထိ စွမ်းအင်ကို သိုလှောင်ထားတဲ့ဘက်ထရီဟာ ငါး နှစ် သက်တမ်းအထိ  အသုံးပြုနိုင်မှာဖြစ် တယ်။ လမ်းထောင့်တွေမှာ လျှပ်စစ်ကား တွေအတွက် ဓာတ်ဆီဆိုင်တွေလိုမျိုး အား ဖြည့်သွင်းနိုင်တဲ့နေရာတွေ ထားရှိပေး ထားတယ်။ အဲသည် ဘက်ထရီတွေကို  အသုံး ပြုထားတဲ့လျှပ်စစ်ကား (electric vehicles)) တွေဟာ တစ်မိနစ်အတွင်း  အားပြည့်အောင် ဖြည့်သွင်းနိုင်ပြီး မိုင် ၅၀ဝ အထိ မောင်းနှင်နိုင်တဲ့စွမ်းအင်ကို သိုလှောင်နိုင်တဲ့ နည်းပညာသစ်နဲ့  ဖန်တီးထားပါ တယ်။
 
လက်ရှိ လျှပ်စစ်ကားတွေမှာ ဘက်ထရီထားရှိရတဲ့နေရာအခက်အခဲနဲ့ စွမ်းအင် သိုလှောင်ရတဲ့ အခက်အခဲတွေကို ကွေးနိုင်ဆန့်နိုင်တဲ့ flexible solid- state battery က ဖြေရှင်းပေးသွားမှာဖြစ်တယ်။ အဲဒါကြောင့် တိုယိုတာကုမဏီက အဲသည် စွမ်းအင်သိုလှောင်တဲ့ နည်းပညာနဲ့ လျှပ် စစ်ကားတွေကို ၂၀၂၀ မှာ ထုတ်လုပ်တော့မှာဖြစ်သလို ဟွန်ဒေးကားကုမဏီကလည်း အဲသည်နည်းပညာနဲ့ လျှပ်စစ် ကားတွေကို ၂၀၂၂ မှာ  ထုတ်လုပ်နိုင်ဖို့ မျှော်မှန်းထားပါတယ်။
 
Credit >> kumudranews
 
 


Follow us on