1. Home
  2. Football

လစာပေးချေမှုအများဆုံးကလပ်အသင်းများ

Football พ.ย. 28, 2560 view 1,510
ယခုနှစ်ဘောလုံးရာသီအတွက် ကလပ်အသင်းတွေရဲ့ လစာပေးချေမှုစာရင်းထွက်ပေါ်လာရာမှာ ဘာစီ လိုနာ၊ PSG ၊ ရီးယဲယ်မက်ဒရစ်အသင်းတို့က ကစားသမားတစ်ဦးချင်း ပျမ်းမျှလစာပေးချေမှုအများဆုံးစာရင်းမှာ ရပ်တည်နေပါတယ်။
မက်ဆီကို စာချုပ်သစ် ချုပ်ဆိုထားတဲ့ ဘာစီလိုနာအသင်းဟာ ပထမအသင်းကြီးမှာရှိတဲ့ ကစားသမား တွေရဲ့ ပျမ်းမျှတစ်နှစ်လစာဟာ ပေါင်(၆.၆)သန်းထိရှိနေပြီး ဘောလုံးအသင်းတွေထဲမှာ အများဆုံးဖြစ်ပါတယ်။ ကစားသမားတွေရဲ့ ပျမ်းမျှ တစ်ပတ်လုပ်ခက ပေါင်(၁)သိန်း၊ (၂)သောင်း၊(၆)ထောင်ကျော်ထိရှိနေပါတယ်။
 
PSG အသင်းကတော့ အသင်းမှာရှိတဲ့ ကစားသမားတွေရဲ့ ပျမ်းမျှတစ်နှစ်လုပ်ခလစာဟာ ပေါင်(၆.၅)သန်းထိရှိ နေပြီး ပျမ်းမျှတစ်ပတ်လုပ်ခအနေနဲ့ (၁)သိန်း၊ (၂)သောင်း၊ (၄)ထောင်ကျော်ထိရှိနေပါတယ်။ ရီးယဲယ်မက်ဒရစ် အသင်းကတော့ အသင်းကြီးမှာရှိတဲ့ ကစားသမားတစ်ဦးချင်းစီကို ပျမ်းမျှတစ်နှစ်လုပ်ခပေါင်(၆.၂)သန်းပေးချေ နေရတာဖြစ်ပါတယ်။ ရီးယဲယ်မက်ဒရစ်အသင်းရဲ့နောက်မှာ မန်ယူ၊ မန်စီးတီး၊ ဘိုင်ယန်မြူးနစ်အသင်းတို့က အစဉ်လိုက်ရပ်တည်နေပြီး ဂျူဗင်တပ်စ်၊ ချယ်ဆီး၊ အာဆင်နယ်၊ အက်သလက်တီကိုမက်ဒရစ်အသင်းတို့က လည်း အဆင့်(၁၀)အတွင်းမှာရှိနေပါတယ်။
 
ဒါပေမဲ့ အားကစားနည်းတွေထဲမှာ ပျမ်းမျှတစ်နှစ်လုပ်ခအများဆုံး ရရှိတဲ့ ကစားသမားတွေက NBA ဘက်စကက်ဘောကစားသမားတွေဖြစ်ပြီး ပေါင်(၅.၅)သန်းရရှိနေကြတာဖြစ် ပါတယ်။ ဘောလုံးလိဂ်ပြိုင်ပွဲတွေထဲမှာဆိုရင်တော့ ပရီးမီးယားလိဂ်ကစားသမားတွေက လစာအများဆုံးရရှိနေ ကြပြီး ကစားသမားတစ်ဦးကို ပျမ်းမျှတစ်နှစ်လုပ်ခပေါင်(၂.၆၄)သန်းရရှိနေကြပါတယ်။ ဘာစီလိုနာအသင်းနဲ့ ရီးယဲယ်မက်ဒရစ်အသင်းတို့ရှိနေတဲ့ လာလီဂါပြိုင်ပွဲမှကစားသမားတွေက ပျမ်းမျှတစ်နှစ်လုပ်ခပေါင်(၁.၆၈)သန်း ရရှိနေကြပါတယ်။


Follow us on