အာဆင်နယ်အသင်းနဲ့ ယခုနှစ်ရာသီကုန်မှာ သက်တမ်းကုန်ဆုံးမယ့် ကွင်းလယ်လူ အိုဇေးလ်ဟာ နောက်ရာသီအတွက် စပိန်လာလီဂါကလပ် ဘာစီလိုနာအသင်းကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ရောက်ရှိဖို့အ လေးသာနေတယ်လို့ စပိန်မီဒီယာတွေကဖော်ပြခဲ့ပါတယ်။အာဆင်နယ်အသင်းဟာ ရာသီကုန်မှာ အသင်းနဲ့သက်တမ်းကုန်ဆုံးမယ့် အိုဇေးလ်ကို စာချုပ်သစ်ချုပ် ဆိုလိုပေမယ့် ကစားသမားဘက်က ငြင်းပယ်ထားတာဖြစ်ပါတယ်။
လက်ရှိအနေအထားအရ အိုဇေးလ်ဟာ အာဆင်နယ်အသင်းနဲ့စာချုပ်သစ် မချုပ်ဆိုဖို့သေချာသလောက်ရှိနေပြီး လာမယ့်ဇန်န၀ါရီအပြောင်းအရွှေ့ကာ လဆိုရင် သူအလွတ်ပြောင်းရွှေ့ချင်တဲ့အသင်းနဲ့ အကြိုသဘောတူညီမှုရယူခွင့်ရှိနေပြီဖြစ်ပါတယ်။ အာဆင်နယ် အသင်းဟာ ပြီးခဲ့တဲ့ရာသီကတည်းက အိုဇေးလ်ကို သက်တမ်းတိုးစာချုပ် ချုပ်ဆိုဖို့အခွင့်အရေးရခဲ့ပေမယ့် တောင်းဆိုတဲ့လစာ ပေးချေလိုခြင်းမရှိတာကြောင့် သဘောတူညီမှုမရခဲ့တာဖြစ်ပါတယ်။ ယခုနှစ်ရာသီအစမှာ အိုဇေးလ်တောင်းဆိုတဲ့ လစာနဲ့ အာဆင်နယ်အသင်းက စာချုပ်သစ်အတွက် ကမ်းလှမ်းခဲ့ပေမယ့် လက်ရှိအချိန် ထိသဘောတူညီမှုမရသေးတာဖြစ်ပါတယ်။
လက်ရှိထွက်ပေါ်နေတဲ့ သတင်းတွေအရ အိုဇေးလ်ကို မန်ယူ၊ ဘာစီလိုနာ၊ ဘိုင်ယန်မြူးနစ်အသင်းတွေက ခေါ်ယူဖို့စိတ်ဝင်စားနေပြီး မန်ယူနည်းပြမော်ရင်ညိုက ပုဂ္ဂိုလ်ရေး ရင်းနှီးမှုကို အသုံးချကာ ခေါ်ယူဖို့ကြိုးစားနေတာဖြစ်ပါတယ်။ ဒါပေမဲ့ ကစားသမားကိုယ်တိုင်က ဘာစီလိုနာအ သင်းကိုပြောင်းရွှေ့ဖို့ ပိုမိုစိတ်ဝင်စားနေပြီး သူတောင်းဆိုတဲ့ တစ်ပတ်လုပ်ခ ပေါင်(၃)သိန်းခွဲပေးချေမယ်ဆိုရင် ဘာစီလိုနာအသင်းကို ရွေးချယ်ဖွယ်ရှိနေပါတယ်။