1. Home
  2. Special or Others

လူနာဝမ်းဗိုက်အတွင်းမှ အကြွေစေ့ နှစ်ရာကျော်၊ ဘလိတ်ဓါးများနဲ့ အပ်များကို ဆရာဝန်များတွေ့ရှိ

Special or Others พ.ย. 28, 2560 view 1,683

အိန္ဒိယနိုင်ငံတွင် အစာအဆိပ်သင့်သည်ဟု သံသယရှိသော လူနာအမျိုးသားတစ်ဦး၏ ဗိုက်အတွင်းမှ အကြွေစေ့ပေါင်း ၂၆၃ စေ့နှင့် ဘရိတ်ဓါးများအပါအဝင် သံထည်ပစ္စည်း ၅ ကီလိုကို ဆရာဝန်များ ခွဲစိတ်ကာ ထုတ်ပေးခဲ့ရသည်။

အဆိုပါဖြစ်စဉ်ဟာ နိုင်ဝင်ဘာလ ၁၈ ရက်နေ့ အိန္ဒယနိုင်ငံ Madhya Pradesh ပြည်နယ်က Rewa တွင် ဖြစ်ပျက်ခဲ့ခြင်းဖြစ်သည်။ မိုဟာမက်မာဆွတ် ဆိုသူ အမျိုးသားတစ်ဦးသည် အစာအိမ်အောင့်သည့် ဝေဒနာကြောင့် ဆေးရုံတက်ခဲ့ရသည်။

ဆရာဝန်က ဓါတ်မှတ်ရိုက်ခိုင်းခဲ့ပြီးနောက် အစာအိမ်အတွင်း သံထည်ပစ္စည်းများ ရှိနေကြောင်း ပေါ်လာသဖြင့် ခွဲစိတ်မှုကို ချက်ခြင်းပြုလုပ်ခဲ့သည်။ ခွဲစိတ်ခဲ့ပြီးနောက် လူနာ၏ အစာအိမ်အတွင်းမှ အကြွေစေ့ ၂၃၆ စေ့၊ မုတ်ဆိတ်ရိတ် ဘရိတ်ဓါးများ၊ အပ်အကြီးစား လေးချောင်းနှင့် အခြားမှန်ကွဲစများအပြင် သံတိုသံစများကို အံ့အားသင့်စွာတွေ့ရှိခဲ့ရပြီး အောင်မြင်စွာ ဖယ်ထုတ်ရှင်းလင်းပေးနိုင်ခဲ့သည်။

အဆိုပါအမျိုးသားဟာ စိတ်ပိုင်းဆိုင်ရာ ပုံမှန်မဟုတ်ကြောင်း Dr Sharma က ပြောကြားခဲ့ပြီး သူ၏မိသားစုများနဲ့ အပေါင်းအသင်းများက အခုလို မဟုတ်ကဟုတ်ကတွေ စားတတ်တဲ့အကျင့်ရှိကြောင်းလည်း သိပုံမရကြောင်း ပြောဆိုခဲ့သည်။

ယင်းကဲ့သို့ အလားတူအဖြစ်ပျက်မျိုး ၂၀၁၄ ခုနှစ်က ပြင်သစ်နိုင်ငံတွင် ဖြစ်ပျက်ခဲ့ပြီး အစာအိမ်အတွင်းမှ အကြွေစေ့ ၃၅၀ စေ့၊ အပ်များနဲ့ လည်ဆွဲများကို ဖယ်ရှားပေးခဲ့ရသည်။
 



Follow us on