1. Home
  2. Special or Others

ဓါတ်လှေကားအတွင်း ဆေးလိပ်မသောက်ရန်တားမြစ်သူကို တရားရုံးက ငွေဒဏ်ရိုက်

Special or Others พ.ย. 29, 2560 view 1,369

ယခုနှစ်မေလ အစောပိုင်းက တရုပ်နိုင်ငံ ဟန်နန်ပြည်နယ်၊ ကျန်ကျိုးမြို့ရှိ နေအိပ်အဆောက်အဦတစ်ခု၏ အများသုံး ဓါတ်လှေကားအတွင်း ဆေးလိပ်သောက်နေသော မျိုးသားကြီးတစ်ဦးကို လူလတ်ပိုင်း အမျိုးသားတစ်ဦးက ဆေးလိပ်မသောက်ရန် တားမြစ်ရာမှ အငြင်းပွားခဲ့ပြီး အနီးနားမှလူများ ဝိုင်းဝန်း ဖျန်ဖြေပေးခဲ့ရသည့် ဖြစ်စဉ်အစအဆုံး စောင့်ကြည့်ကင်မရာ စီစီတီဗီမှာ မှတ်တမ်းတင်ထားခဲ့သည်။

အငြင်းပွားမှုတွင် ကိုယ်ထိလက်ရောက် ကျူးလွန်ခြင်းမရှိပဲ စကားဖြင့်သာ အချင်းချင်းပြောဆိုခဲ့ကြတာကို ဗီဒီယိုမှတ်တမ်းတွင် မြင်တွေ့ခဲ့ရသည်။ သို့သော် သိပ်မကြာမီအချိန်အတွင်းမှာ ဆေးလိက်သောက်သူ အမျိုးသားကြီး ရုတ်တရက် နှလုံးရပ်ကာ သေဆုံးသွားခဲ့သည်။
ယင်းကဲ့သို့ ရုတ်တရက်သေဆုံးမှုအတွက် အမျိုးသားကြီး၏မိသားစုက ဆေးလိပ်မသောက်ရန် တာမြစ်ပြောဆိုသော လူလတ်ပိုင်းအမျိုးသားကို တရားစွဲဆိုခဲ့သည်။


ဆေးလိပ်မသောက်ရန် တားမြစ်သူကို ဆေးလိပ်သောက်ပြီးသေဆုံးသူ မိသားစုက တရားစွဲသော အဆိုပါအမှုသည် တရားကျစရာကောင်းသော တရားရုံးအမှုတစ်ခုအဖြစ် အထူးအဆန်းဖြစ်ခဲ့ရသည်။
သေဆုံးသူ အမျိုးသားကြီးမှာ ယခင်ထဲက နှလုံးရောဂါအခံရှိသည် မှန်သော်လည်း ယခုလို ရုတ်တရက်သေဆုံးရခြင်းမှာ စကားများခဲ့သော လူလတ်ပိုင်းအမျိုးသားကြောင့်ဟု အပြစ်တင်ကာ လျော်ကြေးငွေ ယွမ် ၄၀၀,၀၀၀ ပေးရန် တရားရုံးမှတစ်ဆင့် တရားစွဲတောင်းခံခဲ့ခြင်းဖြစ်သည်။

တရားစွဲဆိုခံရသူ လူလတ်ပိုင်းအမျိုးသားမှာ အသက် ၃၇ နှစ်အရွယ် Yang Jun ဆိုသူ ဆရာဝန်တစ်ဦးဖြစ်သည်။ နောက်ဆုံးမှာတော့ တရားရုံးက အမျိုးသားကြီးသေဆုံးမှုမှာ Yang Jun ၌ တာဝန်အပြည့်ရှိသည်ဟု သက်သေအထောက်ထား မခိုင်လုံသဖြင့် မိသားစုမှတောင်းခံသော လျော်ကြေးငွေ ယွမ် ၄ သိန်း ပေးရန်မလိုဟု အမိန့်ချမှတ်ခဲ့သည်။
သို့သော် နှစ်ဦးနှစ်ဖက် မျှမျှတတဖြစ်အောင် နစ်နာကြေး ယွမ် ၁၅,၀၀၀ ပေးလျော်ရမည်ဟု အမိန့်ချမှတ်ခဲ့သည်။

အဆိုပါ အမိန့်ချမှတ်မှုကို တရားလိုဘက်မှ ကျေနပ်မှုမရှိသေးပဲ ထပ်မံစစ်ဆေးရန် အသနားခံစာတင်ထားကြောင်း သိရှိရသည်။
အဆိုပါသတင်း လူမှုကွန်ယက်ပေါ်တွင် ပျံ့နှံ့ခဲ့ပြီးနောက် လူအများအပြားက တရားရုံး၏ ဆုံးဖြတ်ချက်ကို ကန့်ကွက်ဝေဖန်လျှက်ရှိသည်။
ဒီလူကြီးက ဆေးလိပ်သောက်လို့ သူဟာသူသေတာကို ဆရာဝန်က ဘာလျော်ကြေးတပြားမှ ပေးစရာမလိုဘူး” စသည်ဖြင့် ဝေဖန်ခဲ့ကြသည်။ အချို့ကလည်း ဆရာဝန်က တရားလိုမသားစုကို ပေးရမည့် ပိုက်ဆံကို အွန်လိုင်းပေါ်တွင် စုပေါင်းကောက်ခံရန် ဆန္ဒပြုထားကြသည်။


တရားရုံး၏ အဆုံးအဖြတ်ကြောင့် အများသုံးနေရာများတွင် စည်းကမ်းမဲ့ ဆေးလိပ်သောက်သုံးနေသူများကို အားပေးနေသလိုဖြစ်ပြီး ဆေးလိပ်သောက်ရန် တာမြစ်သူက အခန့်မသင့်တဲ့အခါ ဒဏ်တပ်ခံနေရသလို ဖြစ်နေကြောင်း ဝေဖန်မှုများ ပြည့်လျှံနေသည်။
 



Follow us on